Ep.9

1.5K 157 23
                                    

"တို့အထင် တို့ကမင်းကိုချစ်ကြိုးသွယ်နေခဲ့ပြီထင်တယ်"

"ညီမတော်က လူပေါင်းများစွာမှာမှ ဖြစ်ခဲလွန်းတဲ့ မိန်းမသားချင်း ချစ်တင်းနှောတာကို lili အပေါ်ဖြစ်တည်နေပုံဘဲ"

ဘယ်လိုလုပ်ရပါ့....မင်းသမီးကိုယ်တိုင်ဖွင့်ဟလာခဲ့ပြီ
အားကိုးတကြီး ဝတ်ရုံတွေကိုဆွဲစုတ်လိုက်တယ်
စိတ်ကျပ်နေခြင်းသည် ပျောက်ပြယ်သွားခြင်းမရှိခဲ့...

လပြည့်ပြီးနောက်ရက်တွင် လဟာပို၍ ပြည့်ဝန်းနေသယောင်ရှိသည်
နောက်ဆုံးထွန်းညှိထားသော ဖယောင်းမီးဟာ ဝုန်းကနဲ ငြိမ်းလို့သွားခဲ့ပြီ
သစ်ပင်ပေါ်က သစ်ဟောင်းရွက်တွေဟာကြွေကျလာခဲ့သည်
အိမ်တော်နန်းဆောင်ပြင်ပက မျက်နှာခြင်းဆိုင် လူသားနှစ်ဦးဟာ ကိုယ်ဆီအတွေးတွေနဲ့ ကိုယ်ဆီပူပန်မှုတွေနဲ့ မျက်နှာချင်းဆိုင်ထားကြတယ် ကျောပေးခြင်းမဟုတ်ဘဲ မျက်နှာခြင်းဆိုင်ထားခြင်းဖြစ်သည်...

လေစိမ်းတွေဟာ ကြမ်းကြမ်းတမ်းတမ်းကိုတိုက်ခတ်လာလေပြီ..
မင်းသမီးရဲ့ နက်မှောင်နေသော ဆံနွယ်တွေဟာ လေတွေထဲမှာ လွင့်မျောလို့...
မလျော့တလျော့ လပြည့်ကိုမော့
ကြည့်ရင်း မေးနေတယ်

ငါပြောတာကို li ငယ် သဘောပေါက်ပါရဲ့လား

"မင်းသမီး နန်းဆောင်ထဲဝင်သင့်ပါတယ်"

အနောက်ဘက်က အထိန်းတော်အသံကြောင့် ကန်တော်ဘောင်မှာ ရှိနေရခြင်းကို သတိတရဖြစ်လို့နေသည် ရှိသမျှ စိတ်အစုံ သူတယောက်တည်းကိုသာပုံအပ်ထားသော်လည်း မည်သည်မှ ပြန်မရခြင်းဟာ ဘယ်လိုကံကြမ္မာမျိုးပါ
လိမ့်...

ရှေ့မှာ ကုန်းကုန်း ကုန်းကုန်းနဲ့ မီးအိမ်ထွန်းညှိကာ မယ်မယ်တွေ့သွားမည်ကိုစိုးသည့်အလား ထိတ်လန့်နေတဲ့ ကုန်းကုန်းနဲ့ အနောက်ဘက်က အထိန်းတော် တယောက်တည်းသာပါလာသော်လည်း အတော်ကိုရှုပ်ထွေးနေတဲ့ စိတ်တွေ

လေပြေတွေက သိပ်အေးစက်တာဘဲ ရင်ထဲပူနေတာပျောက်ကွယ်သွားမလား ထွက်လာကြည့်ပင်မယ့် ဘာမှထူးခြားမသွားခဲ့ဘူး ရင်ထဲဝယ်မီးတောက်နေခြင်းဟာ မီးတောက်နေခြင်းပါဘဲ

Last Tear (Season 1)Where stories live. Discover now