Chapter - 21 (Part 4)

3.3K 421 14
                                    

Unicode

နောက်တစ်ကြိမ် နိုးလာတဲ့အချိန်မှာ, အူးယမ်က အိပ်​ငွေ့ချခံထားရသလို ခံစားချက်မျိုး ရ​လိုက်တယ်။ သူ့နားထင်​တွေက ​သွေးခုန်​နေပြီး နာကျင်မှု​ကြောင့် ပွင့်ထွက်​တော့မယ့်​​ခေါင်းကဲ့သို့, သူ့ဦး​နှောက်ထဲမှာ​တော့ တစ်စုံတစ်ခုက တင်းကြပ်စွာ လှုပ်ရှား​နေပုံ​ပေါ်တယ်။

သူ့ရဲ့မျက်ခွံ​တွေက ပို​တောင်မှ ပူလာတယ်။ သူက မျက်လုံး​တွေကို ခက်ခက်ခဲခဲဖွင့်လိုက်တယ်။ သူ့ရဲ့အမြင်အာရုံထဲမှာ​တော့ မှုန်ဝါးဝါးအရိပ်တစ်ခုက သူ့မျက်လုံး​​တွေရှေ့မှာ ယိမ်းနွဲ့​နေခဲ့တယ်။

"ကျွန်​တော် ပြတင်း​ပေါက်ကို နည်းနည်း​လောက်ဖွင့်လိုက်ရမလား?"

ရင်းနှီး​နေတဲ့အသံဖြစ်တယ်။ အူးယမ်က လှုပ်လည်း မလှုပ်ရှားသလို, စကားလည်းမ​ပြောဘူး။ ဒါဟာ ​ပြောစရာမလိုတဲ့ ခွင့်ပြုချက်လို့ ယူဆနိူင်တယ်။

ပြင်ပအလင်းက စီးဝင်လာပြီး သူ့ကို မျက်စိတစ်ချက်ကျုံ့သွားစေကာ မျက်ရည်​တွေက ချက်ချင်း ပြည့်လျှံလာ​ခဲ့တယ်။

​​နောက်ထပ်ဆေးရည်​တွေက သူ့လက်ထဲကို စီးကျ​နေတယ်။ ဆေး​သောက်ပြီး အိပ်ရာကနိုးလာတဲ့​နောက် ပို​ကောင်းလာလိမ့်မယ်လို့ အစက သူ ထင်ထားခဲ့တယ်။ ဒါ​ပေမယ့် အခု​​တော့ သူ့ရဲ့ဖျားနာမှုက ပို​တောင်မှ ပြင်းထန်လာတယ်။ သူ့ရဲ့တစ်ကိုယ်လုံးက နာကျင်​နေတယ်။

ဒါ​ပေမယ့် အလင်း​ရောင်နဲ့ ​လေ​ကောင်း​လေသန့်က သူ့ကို ခဏ​လောက် လုံးဝနိုးသွား​စေခဲ့ပြီး သူ့ရဲ့​ခေါင်းက​တော့ အရမ်း​​ကို ရောင်ရမ်း​နေတဲ့အတွက် ​ပေါက်ကွဲထွက်​တော့မလို ခံစား​နေရတယ်။ ​ရှောင်ရွှမ်းက အပူချိန်စမ်းဖို့ သူ့နဖူးကို လာထိရင်း ကုတင်​ဘေးမှာ လာထိုင်တယ်။

"​​တောင်းပန်ပါတယ်, ကျွန်​တော် သတိလက်လွတ်ဖြစ်သွားတယ်"

အူးယမ်က မျက်စိတစ်ဝက်သာ ဖွင့်လိုက်ပြီး အနည်းငယ်စိတ်ရှုပ်​ထွေးသွားတယ်။

"ဆရာ, မ​နေ့ညက ကျွန်​တော်တို့ လုပ်ခဲ့တယ်​လေ, မှတ်မိ​သေးလား?"

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now