Chapter 36

4.2K 1K 25
                                    


Chapter 36: ဆွေးနွေးခြင်း

ဒါရိုက်တာWeiboတွင် ပို့စ်အများအစားမရှိပေ။
စုမင်အောက်ဆွဲကြည့်ပြီး ဒါရိုက်တာပို့စ်အဟောင်း၌ ကျွန်း၏အတိတ်အကြောင်းကိုမေးမြန်းထားသည့် မေးခွန်းများစွာရရှိထားတာမို့ လက်ဦးမှုရယူကာ ပို့စ်အသစ်တင်ပြီး ရှင်းပြထား၏။

ဤပို့စ်သည် ရှည်လျားသောဆောင်းပါးဖြစ်သည်။ အပေါ်ယံအားဖြင့် အခြေခံရှင်းပြမှုများကို စာရင်းပြုစုထားသည်။
သူဖတ်ချင်သည့်တစ်ခုကို စုမင်ရွေးချယ်ကာ ဖတ်ရှုသည်။

ဒါရိုက်တာကိုယ်တိုင် ရုပ်ရှင်ရိုက်တာဆိုတော့ သဘာဝကျကျ နောက်ခံဇာတ်လမ်းကိုသိထားပြီး ရုပ်ရှင်ထဲမှာနာမည်မပါတဲ့ဇာတ်ကောင်တွေတောင် သူတို့ကိုယ်ပိုင်နောက်ခံဇာတ်လမ်းရှိကြတယ်။

ဥပမာ ... ရေချိုးခန်းထဲမှာ သနားစရာကောင်းလောက်အောင် အော်နေတဲ့တစ်ယောက်ပင် ... အဲ့ဒါဘာလဲ စုမင်မသိသော်လည်း ထိုသူက ရေချိုးခန်းထဲမှာ သတ်ခံရတဲ့ ကျွန်းသားဖြစ်ပြီး အပိုင်းပိုင်းလှီးဖြတ်ခံခဲ့ရသည်ဟု ပို့စ်မှာရှင်းပြထားတယ်။

ကြမ်းပြင်ဆောင့်ကြောင့်ထိုင်နေတဲ့ အရိပ်မည်းနှစ်ရိပ်က လူသတ်သမားများဖြစ်လေသည်။

ရေပန်းမှကျတဲ့ရေအကြောင်းကို ပို့စ်မှာရှင်းပြမထားပေမယ့် ရုပ်ရှင်ကကြောက်စရာကောင်းအောင်လုပ်တဲ့အရာပဲဖြစ်မယ်လို့ စုမင်ခန့်မှန်းမိသည်။

ပင်လယ်ထဲမှတစ်ယောက်ကလည်း ကျွန်းသားပဲဖြစ်သည်။ မူလအားဖြင့် ကျွန်းသူကျွန်းသားအများကြီးမရှိဘဲ အမျိုးသမီးများကထက်ဝက်ခန့်ရှိပြီး ကျန်ရှိသောကျွန်းသားများအားလုံးသတ်ခံလိုက်ရတယ်။

အဓိကအရေးကြီးအရာက အရေပြားအတွက် လွယ်လွယ်ကူကူရှင်းပြချက်ပင်။

အန်ကယ်ဟဲနှင့်အခြားသူများ၌ အရေပြားလဲလှယ်နိုင်သည့်အရည်အချင်းရှိသည်ဟု စုမင်အမြဲတွေးခဲ့သော်လည်း မထင်မှတ်စွာ ကျွန်းသူကျွန်းသားတွေရဲ့ မူရင်းပိုင်ဆိုင်သည့်အရာဖြစ်တယ်လို့ ဒါရိုက်တာကပြောလာခဲ့သည်။

ကျွန်းသူကျွန်းသားများသည် ဤနည်းလမ်းကို မျိုးဆက်အလိုက်လက်ဆင့်ကမ်းသော်လည်း သူတို့သုံးခဲသည်။ ဘာလို့ဆို အသုံးပြုရန် အချိန်တိုင်းလူတစ်ယောက်ကိုယစ်ပူဇော်ရမှာဖြစ်ပြီး မျက်မမြင်အဖွားက အပြင်လူတွေထိခိုက်မှုဖြစ်မှာစိုး၍ ခွင့်မပြုခဲ့ပေ ... တစ်စုံတစ်ယောက်ကလုပ်မယ်လို့ ဆန္ဒပြုလာမှလုပ်နိုင်သည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now