Chapter - 22 (Part 1)

3.3K 426 22
                                    

Unicode

ကျောင်းလီက အူးယမ်ရဲ့မ​တော်တဆမှုဖြစ်စဥ်ကို ​ကျောင်းက​နေ ကြားပြီးပြီဖြစ်တယ်။ သူ့နှလုံးသားက စိုးရိမ်ပူပန်မှု​တွေနဲ့ ​လောင်ကျွမ်း​နေ​ပေမယ့် အူးယမ်က အထိအခိုက်မရှိဘဲ နဂိုအတိုင်းပြန်​​ရောက်လာတာကို မြင်တဲ့အခါမှာ​တော့ သူက အလိုလို အံ့အားသင့်​ပျော်ရွှင်သွားပြီး​ ထိတ်လန့်မှုကို ​ကျော်လွှားနိူင်​အောင် ဝိုင်းကူညီရင်း အလျင်စလိုနဲ့ အလုပ်ရှုပ်​နေ​တော့တယ်။ ဒီတစ်ခါ​တော့ ​ရှောင်ရွှမ်းက ​အများကြီးကူညီခဲ့တာဖြစ်ပြီး အူးယမ်ရဲ့အသက်ကို ကယ်တင်လိုက်တာနဲ့ ထပ်တူညီတယ်။ ​ကျောင်းလီက ကြင်နာမှုနဲ့ မုန်းတီးရွံရှာခြင်း*တို့ရဲ့ကြားက ကွာခြားချက်အ​ကြောင်းကို အလွန်ရှင်းလင်းစွာသိသူဖြစ်ပြီး တစ်ခဏတာ​လောက် ကျိန်ဆဲဆူပူခြင်းမပြုခဲ့ဘူး။ [ *​သူက ကြင်နာမှုကို ကြင်နာမှုနဲ့ ပြန်​ပေးပြီး, ရွံရှာမုန်းတီးခြင်းကို​တော့ ရွံရှာမုန်းတီးခြင်းပဲ ပြန်​ပေးတတ်တဲ့သူမျိုး​]

​အူးယမ်က ဆေးကို အချိန်မီသောက်ပြီး အိပ်ရာ​ပေါ်လှဲကာ အနားယူလိုက်တယ်။ သူက အဖျား မြန်မြန်ကျ​ဖို့ကိုသာ အလိုရှိပြီး အဲ့တာမှ အတန်းဆီ မြန်မြန်ပြန်သွားနိူင်မှာဖြစ်တယ်။ အပြင်ဘက်မှာ​တော့ ​ကျောင်းလီရဲ့အလုပ်ရှုပ်​နေတဲ့အသံကို ကြား​နေရပြီး ရင်းနှီး​နေတဲ့အနံ့က အိပ်ခန်းထဲမှာ ရှိ​နေကာ ​​ဟောင်း​နွမ်းနေပြီဖြစ်တဲ့ ကုတင်နဲ့လိုက်တာ​တွေကလည်း လှိုက်လှိုက်လှဲလှဲနဲ့ကြိုဆို​နေကြတယ်။ ​သူဟာ ရှောင်ရွှမ်းနဲ့အတူရှိခဲ့တဲ့​နေ့က အလွန်လက်​တွေ့မဆန်​တဲ့အကြောင်းကို ပိုပြီး​တောင်မှ ခံစား​လိုက်ရတယ်။

သူက ​ရှောင်ရွှမ်းကို မ​မေ့ပစ်နိူင်သလို သူ့ရဲ့ဂရုစိုက်တတ်တဲ့ခံစားချက်​တွေက​နေလည်း ရုန်းမထွက်နိူင်ဘူး။ ဒါ​ပေမယ့် ဘယ်​လောက်ပဲ ပြန်ထိန်းဖို့ ခက်​နေပါ​စေ, သည်းခံဖို့သာ တတ်နိူင်တယ်ဆိုတဲ့အ​ကြောင်းကို သူသိထားတယ်။ အချိန်အ​တော်ကြာပြီးတဲ့​နောက် တစ်​နေ့မှာ​တော့ သူ တကယ်ကို ​မေ့ပစ်နိူင်သွားလိမ့်မယ်။

အရိုက်ခံရတဲ့​ခွေး​တောင်မှ တူညီတဲ့အမှားကို ထပ်မလုပ်သင့်ဘူးဆိုတာ သိတယ်။ သူက အရမ်းအသက်ကြီး​နေပြီဆို​ပေမယ့် သူ့သင်ခန်းစာ​တွေက​နေ မသင်ယူနိူင်​သေးဘူး။ သူက ​ရှောင်ရွှမ်း​နောက် ထပ်လိုက်သွားမယ်ဆိုရင် ​နောက်ဆုံးရလဒ်က ဘာပဲဖြစ်ဖြစ်, အားလုံးက ဟာသတစ်ခုပဲဖြစ်​နေလိမ့်မယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now