Chapter - 10 (U+Z)

13.5K 1.9K 111
                                    

//UNICODE//

အခန်း ၁၀ - Living Together

စုလင်းရဲ့မျက်ဝန်း​လေးများဟာ အပြုံး​လေးတစ်ခု​ကြောင့် ​ကျဥ်း​​​မြောင်းသွားခဲ့ရပြီး ပါးပြင်မို့မို့မှာ ပါးချိုင့်​လေး ၂ခုက ထင်းခနဲ ​ပေါ်လာသည်။ သူ့ရဲ့ ​မျက်ဝန်း​မှေး​မှေး​လေးက ​ကွေးညွှတ်​နေခဲ့ပြီး ကြည်လင်သန့်ရှင်း​နေခဲ့သည်။

ကုလီဟန် ၂စက္ကန့်​လောက် မှင်သက်သွားခဲ့ရပြီး​နောက် စုလင်းရဲ့ မျက်လုံးကြည်ကြည်​လေး​တွေမှ အ​ဝေးကို အကြည့် လွှဲလိုက်ရသည်။ ပြီး​တော့ သူက ဆိုလိုက်သည်။

"မင်း..ဒါ ​သေချာလုပ်တာပဲ"

သူ့အသံက တည်ငြိမ်​နေပြီး ​သေချာ​နေသည့်ဟန်။

စုလင်း မျက်​တောင်​လေး ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး သူ့အပြုံးကို ထိန်းလိုက်ရသည်။ စုလင်း ကုလီဟန်ကို စိုက်ကြည့်လိုက်သည်။ ကုလီဟန်ရဲ့အမူအရာမဲ့​နေသည့်မျက်နှာက​နေ တကယ်တမ်း သူ့စိတ်ထဲက အ​တွေးအစစ်အမှန်​တွေကို ကြိုးစားရှာ​ဖွေကြည့်ရင်း

"ခင်ဗျား စိတ်မဆိုးဘူးမလား? ဟမ်?"

ကျောပိုးအိတ်​ပေါ်တင်ထားတဲ့ သူ့​ခေါင်း​လေးကို မလိုက်ပြီး မတ်မတ်ထိုင်ကာ စုလင်း ရှင်းပြလာသည်။ ​

"ကျွန်​တော်က စ ချင်ရုံပါ။ ခင်ဗျားကို​ကြည့်ရတာအမြဲတမ်း အရမ်းတည်ကြည်​လေးနက်တဲ့ပုံ ​ပေါက်​နေလို့"

စုလင်းရဲ့အကြည့်က ​နွေး​ထွေးပြီး ရိုးသား​နေသည်။ စိုးထိတ်​နေသည့်ဟန် တစွန်းတစလည်း အကြည့်ထဲမှာ ​ရော​ထွေးလျက်။ ကုလီဟန်က အမြဲတမ်း တည်တည်ကြီးနဲ့​လေးနက်​နေခဲ့​တော့ သူရဲ့ သည်းခံနိုင်စွမ်းအကန့်အသတ်ကို စုလင်း သိပ်​တော့ မသေချာခဲ့​ပေ။ စုလင်း ​ကိုယ့်ရှူးကိုယ်ပြန်ပတ်သလို မဖြစ်​စေဖို့ ​သေ​သေချာချာ ရှင်းပြချင်​ပေသည်။

သင်ခန်းစာရသွားပုံ​ ပေါက်​နေတဲ့ စုလင်းရဲ့ အမူအရာကို ကြည့်ပြီး ကုလီဟန်​ သူ့ဘာသူတွေးလိုက်သည်။

က​လေးပဲ ရှိ​သေးတာ

ထို့​ကြောင့် သူ​ပြောလိုက်သည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now