34

11K 1.9K 114
                                    

Unicode

“သူတို့လေးယောက် ပြောသွားတာ ကြားလိုက်လား..?”

ထိုလေးယောက်လုံး မြင်ကွင်းကနေ အပြည့်အဝပျောက်ကွယ်သွားတော့မှ ရင်းဆုယဲ့လည်း မျက်လုံးကို ဖြည်းညှင်းစွာမှိတ်လိုက်ပြီး ထိုလူတွေကြောင့် ဖြစ်ပေါ်လာခဲ့ရတဲ့ သူ့နှလုံးသားထဲက လူသတ်ချင်စိတ်တွေကို ဖုံးကွယ်ပစ်လိုက်တယ်။ မျက်လုံးပြန်ဖွင့်လိုက်တော့ အမှောင်ရိပ်များက ပျောက်ကွယ်သွားခဲ့ချေပြီ။ သူ့ရဲ့အမူအရာကင်းမဲ့နေတဲ့ မျက်နှာပေါ်မှာ အရူးအမူး သွေးဆာလောင်စိတ်ကို ဘယ်သူမှ အာရုံခံမိမှာမဟုတ်တော့ဘူး။

“အင်း..”

ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ကို မျက်လုံးလှိမ့်ပြလိုက်တယ်။ သူက နားပင်းနေတာမှ မဟုတ်တာ၊ အဲ့လေးယောက်ရဲ့ အော်ကြီးဟစ်ကျယ်ပြောသမျှကို မကြားပဲနေမလား..?

သူ့ရဲ့ မူမမှန်တဲ့ ရင်ခုန်သံအကြောင်းကို ခဏဘေးဖယ်ထားလိုက်ပြီး ရင်းဆုယဲ့ရဲ့မေးခွန်းကို ပြန်ဖြေရန် အာရုံစိုက်ထားလိုက်တယ်။

“တစ်ခုခု မေးချင်တာရှိလား..?”

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို အလွန်လေးနက်သည့် အမူအယာနဲ့ လှည့်ကြည့်လိုက်တယ်။ ရွှယ်ယို့ရှန်းကို ထင်ရာမြင်ရာတွေ လျှောက်တွေးနေစေမယ့်အစား ဒီကိစ္စရဲ့အမှန်တရားကို တည့်တိုးပြောပြလိုက်တာ ပိုကောင်းမယ်။

“ဟင့်အင်း..”

ရွှယ်ယို့ရှန်း ခေါင်းခါပြလိုက်တယ်။ အဲ့တာက ရင်းဆုယဲ့အကြောင်း အကုန်သိနေလို့ မဟုတ်ဘူး။ သူက ရင်းဆုယဲ့ရဲ့ စိတ်ဒဏ်ရာတွေကို ပြန်မဆွချင်ရုံပါ။

“ဟမ်..?”

ရွှယ်ယို့ရှန်း တကယ်မသိချင်မှန်း သူ သိနေပေမယ့် ဘာလို့လဲ..? သူ နားမလည်ဘူး။

“ဘာလို့လဲဆိုတော့ ကျွန်တော် ခင်ဗျားအကြာင်း အကုန်သိတယ်လေ..”

သူက အလုံးစုံ သိထားရုံတင်မကဘူး။ ဒီကိစ္စတွေအကုန်လုံးကို ဖန်တီးခဲ့တဲ့သူ ဖြစ်နေတာကိုး။

ကျွန်တော့်ကို ယုံကြည်ပေးပါလို့ ရင်းဆုယဲ့ကို သူကိုယ်တိုင်ပြောခဲ့တာ။ သူ့ကိုယုံကြည်ပေးနေတဲ့ ရင်းဆုယဲ့ကိုလည်း စိတ်မပျက်စေချင်ဘူး။ အဲ့တော့ ရွှယ်ယို့ရှန်းလည်း တစ်ခဏ စဉ်းစားခဲ့ပြီးနောက် အမှန်အတိုင်းပြောဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ အမှန်တရားက တစ်ဝက်တည်းပါပဲ။ ကျန်တဲ့တစ်ဝက်ကိုတော့ တခြားလူကို ဘယ်တော့မှ ပြောပြမှာမဟုတ်ဘူး။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now