Ep-9

12.7K 1.1K 55
                                    

"မိပိုင်နဲ့မိအိ အကိုလေးခေါ်နေတယ်"

ထမင်းချက်ဦးမြင့်ရဲ့စကားအဆုံး လက်ဖက်သုပ်စား
နေတဲ့သူ့ရှေ့ကနှစ်ယောက်က ကိုင်ထားတဲ့လက်ဖက်ဇွန်းတွေပါပစ်ချကုန်သည်။ ဒီနှစ်ယောက်ဘာအမှားသွားလုပ်ထားပြန်ပြီလဲမသိ ၊အကိုလေးကဒေါသ
တာကြိးပေမယ့် သဘောကောင်းပါသည်။ ဒီနှစ်ယောက်ကစကားအရမ်းများသလို အရမ်းလည်းစပ်စုတတ်တာ ၊ ကိုယ့်ကိစ္စမဟုတ်လည်းဝင်ပါတာတွေကြောင့်
အကိုလေးအမြင်မကြည်တာ​လေ ။ အခုနေဒေါသထွက်နေမယ့်အကိုလေးပုံကို တွေးမိပြီးသူ့ရှေ့ကနှစ်ယောက်အစားခေါင်းကြိမ်းသည် ။

"ဒါဆိုဦးမြင့်သွားတော့မယ်​နော်"

"အင်း"

အကိုလေးအခန်း​ရှေ့မှာရပ်​နေတုန်း ထွက်လာတဲ့ဦး
မြင့်ကြောင့်ခုံပေါ်မှာထိုင်နေတဲ့ အကိုလေးရဲ့ဘေးစောင်းပုံကိုသူတို့လှမ်းမြင်လိုက်ပြီး အခန်းရှေ့ကနေလှည့်ပြန်ချင်စိတ်ပါပေါက်သည် ။

"အခန်းရှေ့ကနှစ်ကောင်ရောက်ရင်ဝင်ခဲ့"

ဘုရား...ဘုရား...အကိုလေးအကြားအမြင်တွေများရနေပြီလား ၊မိအိကိုအရင်တွန်းပို့ပြီး နောက်ကနေ
လိုက်သွားတော့ shirtအဖြူ ရောင်ကိုဘောင်းဘီတို
နဲ့တွဲဝတ်ထားတဲ့အကိုလေးက ဆေးလိပ်တစ်လိပ်ကို
စတိုင်နဲ့ဖွာသောက်နေသည် ။ ခွင့်ရက်ယူပြီးသုံးယောက်လုံးရွာပြန်ကြတာ ၊အိမ်လည်းပြန်ရောက်ရောအကိုလေးကယောကျာ်းယူပြီးသွားပြီတဲ့ ။ဦးမြင့်ကလွဲသူတို့သုံးယောက်လုံးက ဟိုဘက်အိမ်မှာနေရတာကြောင့်အကိုလေးယောကျာ့းကို အခုထိမမြင်ဖူးသေး၊မနေ့ကသာလေသာဆောင်မှာဖြတ်ခနဲလှမ်းမြင်လိုက်တာ ။

"တစ်ယောက်တစ်အိတ်ယူပြီးရွာပြန်တော့"

"ရှင်!"

"အကိုလေး"

နှစ်ယောက်သားလန့်ပြီးကြည့်တော့ သူတို့ကိုမျက်မှောင်ကြီးကျုံ့ပြီးကြည့်နေပြန်သည် ။

"သမီးတို့တမင်ကြည့်တာမဟုတ်ပါဘူး အကိုလေးရာ
အကိုလေးတို့ကလေသာဆောင်မှာနမ်းစရာလား လူတွေရှိတာသတိမထားပဲနဲ့"

"ဟုတ်တယ် မိပိုင်အော်သံကြောင့်သမီးလည်းလိုက်ကြည့်မိတာပေါ့ အကိုလေးရယ်"

မောင့်လက်ယာ(မောင့်လက်ယာ){completed} Where stories live. Discover now