Chapter - 11 (U+Z)

12.6K 2K 95
                                    

//UNICODE//

အခန်း ၁၁ - အရူးအမူး

စုလင်းရဲ့တံခါးကို မှီဖို့ ကြိုးစားလိုက်တဲ့လုပ်ရပ်က သိသာထင်ရှားလွန်းသွားခဲ့သည်။ ကုလီဟန်က ရေကူးကန်ရဲ့အဆုံးမှာရှိတဲ့ အခြောက်ခံစက်အောက်မှာ ရပ်နေရင်း သူ့အကြည့်က အနည်းငယ်​ပြောင်းလဲသွားရပြီး တံခါးဆီအမြန်လျှောက်သွားခဲ့သည်။

စုလင်းရဲ့ လက်ချောင်းများက တံခါးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်မှာ လက်​ချောင်းထိပ်က​လေးများပင် အဖြူ​ရောင် ​ပြောင်းလာခဲ့သည်။ သူ့နားထဲမှာ ကြားနေရတဲ့ မြန်ဆန်​နေတဲ့ သူရဲ့အသက်ရှုသံ​ကြောင့် သူ ပိုထိတ်လန့်လာခဲ့သည်။ သူ​မော့ကြည့်လိုက်​တော့ ကုလီဟန်က သူ့နားပိုနီးကပ်လာသလို ချိုရှရှရနံ့ကလည်း ပိုပြင်းလာသည်။ ထိုရနံ့က နှစ်​ပေါင်းများစွာသို​လှောင်ထား​​သော သက်တမ်းရင့် ဝိုင်နံ့နဲ့တူသည်။ စုလင်း အနီ​ရောင်ဝိုင်​တွေနဲ့ပြည့်​နေတဲ့ ကန်ထဲ နစ်မြှုပ်​နေသလို ထင်​​ယောင်ထင်မှား​တွေ ဖြစ်လာရသည်။

တစ်ချိန်တည်းမှာပဲ စုလင်းရဲ့ လည်ပင်းအ​နောက်က​နေ ​တောက်​လောင်ကျိန်းစပ်​နေမှုက စိမ့်ထွက်လာပြီး ဦး​ခေါင်းထဲထိ ထုံထိုင်းသွားရသည်။ သူ့အသိစိတ်တစ်ခုလုံး မြူ​တွေဖုံးလွှမ်းထားသလို ဖြစ်​နေပြီး အ​တွေး​တွေလည်း မသဲကွဲ​တော့​ပေ။ စုလင်း သူ့လက်​ချောင်း​လေး​တွေကို ​မြှောက်လိုက်ပြီး သူကိုယ်သူ ပိုပြီး သက်​တောင့် သက်သာရှိ​စေဖို့ Isolator ကိုဖယ်ချင်ခဲ့သည်။ ထိုအ​တွေးက ဖျတ်ခနဲ​သာ ပေါ်လာလိုက်သည်။ သူ့လက်​တွေကို ခက်ခက်ခဲခဲ နဲ့ တံခါးလက်ကိုင်​ပေါ် ပြန်ဖိကိုင်ထားလိုက်သည်။

သူ့အနံ့ကို သူ​တောင်မကြိုက်တာ။သူ့နတ်ဘုရားကို ​နောက်တစ်ခါ အဲ့ဒီအနံ့ကြီး ထပ်ရ​စေလို့ မဖြစ်ဘူး

သူ့အနံ့က ပုံမှန် အချိန်​တွေမှာ​လည်း ဆိုးဝါး​တယ်ဆို​ပေမယ့် အခု သူခံစား​နေရတဲ့ လည်ပင်းအ​နောက်က မသက်မသာဖြစ်မှုမျိုးနဲ့ဆိုရင် အနံ့က အရမ်းပြင်း​နေ​လောက်သည်။

ကုလီဟန် စုလင်းနဲ့ ၂လှမ်းအကွာမှာ ရပ်လိုက်ပြီး Isolator ကိုထုတ်ကာ သူ့(GLH)လည်ပင်း​နောက်မှာ ကပ်လိုက်ပြီး ​​​လေဝင်​လေထွက်စနစ်ကို အမြင့်ဆုံးထိ မြှင့်လိုက်သည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now