Charactersရှင်းလင်းခြင်း

2.1K 56 11
                                    


ပထမဆုံးအနေနဲ့ DIDက ကုလို့မရတဲ့ရောဂါမို့လို့ သက္ကရာဇ်က ဘယ်တော့မဆိုပြန်ပေါ်လာဦးမှာပါ ဘာလို့လဲဆိုတော့ သက္ကရာက အန္တရာယ်နဲ့တွေ့ရင် သူ့ကိုယ်သူ ကာကွယ်ဖို့ သက္ကရာဇ်ကို ဖန်တီးဦးမှာပါပဲ အဲ့ဒါမို့လို့ သက္ကရာဇ်က ဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်ပါဘူး အဲ့ဒါမို့ open endingဖြစ်သွားတာပါ

သက္ကရာ - တကယ်တော့ သက္ကရာက main character ပါ သက္ကရာဇ်ဆိုတာ သက္ကရာကြောင့်သာဖြစ်လာရတာပါ သက္ကရာသာ ငယ်ငယ်က အနိုင်ကျင့်ခံရတာတွေ ဒုက္ခတွေသာမတွေ့ခဲ့ဘူးဆိုရင် သာမာန်ကောင်လေးတစ်ယောက်ဖြစ်နေမှာပါ Eliက သက္ကရာကို အကြမ်းဖျင်းအနေနဲ့ သာမာန်ကောင်လေးတစ်ယောက်အဖြစ် ဖန်တီးထားတာပါ

သက္ကရာဇ် -သိတဲ့အတိုင်းပဲ သက္ကရာဖန်တီးလိုက်တဲ့သူပေါ့ သက္ကရာကို ကာကွယ်ဖို့အတွက် သက္ကရာဇ်က သန်မာနေမှရမှာမို့လို့ သက္ကရာဇ်က တစ်ခုခုဆို ဂျစ်ကန်ကန်နိုင်နေတာပါ သူ့ရည်းစားတည်တံ့မောင်အပေါ်ကလွဲရင်ပေါ့ xD
အရမ်းစကားတတ်တဲ့ သက္ကရာဇ်ကိုမမုန်းကြပါနဲ့ Eliကိုပဲမုန်းကြပါနော်

တည်တံ့မောင် -ကိုကို့အကြောင်းကတော့ သိတဲ့အတိုင်း သက္ကရာဇ်ကိုချစ်မိတဲ့အပြစ်အပြင်မရှိပါဘူး :333
တည်တံ့မောင်က သက္ကရာကိုမချစ်ပါဘူးနော် သက္ကရာဇ်ကိုပဲချစ်တာ အမြွှာတွေလိုပဲလေ ရုပ်ဘယ်လောက်တူတူ တစ်ယောက်ထဲကိုချစ်ကြတာပဲလေ အဲ့လိုပဲ တည်တံ့မောင်ကလဲ သက္ကရာဇ်ကိုပဲချစ်တာမို့ သက္ကရာအတွက်တော့ စိတ်မကောင်းပါဘူး

ဥာဏ်- သက္ကရာဒီလိုဖြစ်ရတာ သူ့ကြောင့်ဆိုပြီး စိတ်ဒဏ်ရာရှိတဲ့သူပါ အဲ့ဒါမို့ သက္ကရာကို အကာကွယ်လွန်ပြီး ဒီလိုပြဿနာတွေဖြစ်ကုန်ရတာပါပဲ
ကျန်ရစ်ဖြစ်ရတဲ့အတွက်တော့ ဥာဏ့်ကို ဒါဒါတို့ထဲက တစ်ယောက်ယောက်တာဝန်ယူပေးကြပါ

ငယ်သွေး-Eli က မိန်းကလေးcharacterတွေထည့်ရေးရင် ဘယ်တော့မှမုန်းအောင်မရေးပါဘူး ငယ်သွေးနဲ့ သက္ကရာနဲ့ကော်ဖီဆိုင်မှာတွေ့တဲ့အခန်းဆိုရင် ငယ်သွေးဘက်ကအပြည့်အဝပြောခွင့်ရှိပါတယ် ဒါပေမယ့် ငယ်သွေးက သက္ကရာကို မောင်လေးအရင်းလိုချစ်ပါတယ်နော်
ငယ်သွေးကတော့ ကိုကို့ကိုချစ်လွန်းလို့ ငယ်ငယ်လေးထဲက ကိုကို့အိမ်ကိုလိုက်လာခဲ့တာပဲကြည့်

သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)Where stories live. Discover now