၅၂

13K 1.9K 203
                                    

Unicode

အကြင်သူဟာ သစ္စာမဲ့သည့် ခင်ပွန်းမျိုး မဟုတ်ခဲ့ရပါ

လုထောင်၏ စကားဆုံးပြီးနောက်တွင် ဒေါက်တာထျန်သည် အချိန်အတန်ကြာမျှ ငြိမ်သက်နေခဲ့မိပေ၏။

"သူပြန်ပေါ်လာတဲ့အချိန်အတွင်းက ဖြစ်ရပ်တွေကိုရော မှတ်မိရဲ့လား"

"မမှတ်မိဘူး"

လုထောင်က မျက်မှောင်ကြုတ်လျက် ဆက်ဆိုသည်။

"ဘာဆိုဘာကိုမှပဲ"

"ကြည့်ရတာ ဒီလို လက္ခဏာမျိုးက စရိုက်ကွဲနှစ်ခုရှိတဲ့လူတွေအတွက် ပုံမှန်ပဲလို့ ထင်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ခန္ဓာကိုယ်တစ်ခုတည်းမှာ ဝိညာဉ်နှစ်ခုရှိနေသလိုမျိုးပေါ့..တစ်ခုက နိုးထနေတဲ့အချိန်မှာ ကျန်တစ်ခုက အိပ်နေဖို့ပဲ တတ်နိုင်တာမျိုး။ အဲ့ဒီတော့ ဗိုလ်ချုပ် ဘယ်လိုလုပ်ပြီးများ လက်ရှိစရိုက်ကိုပြန်ရောက်လာတာလဲ။ မူလပုံစံကနေ လက်ရှိပုံစံကို ပြန်ပြောင်းခါနီး ထူးခြားတဲ့ ခံစားချက်မျိုးများ ရခဲ့ဖူးလား?"

လုထောင်သည် အတန်ကြာမျှ မှိုင်တွေနေခဲ့မိ၏။

"မပြောတတ်ဘူး။ သိတာဆိုလို့ အချိန်အကြာကြီး အိပ်ပျော်သွားမိပြီး ပြန်နိုးလာတော့ ကျွန်တော်ကိုယ်တိုင်ပဲ ဖြစ်နေခဲ့တာကိုပဲ"

ဒေါက်တာထျန်က မှတ်တမ်းစမှတ်ရန် ပြင်ဆင်လိုက်ကာ စမေးလာခဲ့၏။

"နိုးလာလာချင်း ဒီခန္ဓာကိုယ်ကို မူလလူ အသုံးပြုသွားတယ်ဆိုတာ သတိထားမိတာပါလား။ ဒါမှမဟုတ် တခြား ပြင်ပက သဲလွန်စတွေကြောင့် တဖြည်းဖြည်း သိရှိလာတာမျိုးလား"

"အဲ့ဒါကဘယ်လိုပြောရမလဲ။ ဒီခန္ဓာကိုယ်ကို ကျွန်တော်မပိုင်တော့သလိုမျိုး အလိုလိုခံစားမိပေမဲ့ ..တကယ်တမ်း ရှင်းရှင်းလင်းလင်း သိသွားတာကတော့ အိပ်ရာနိုးလာပြီး နောက်ပိုင်းမှပါပဲ"

"အဲ့ဒီတော့ ပြောချင်တာက ဗိုလ်ချုပ်ရဲ့ ခန္ဓာကိုယ်က ပြောင်းလဲသွားမှန်း စိတ်ထဲက ချက်ချင်း သိပေမဲ့ ပြောင်းလဲပြီးနောက် ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေနဲ့ ဘယ်လောက်ကြာကြာ ပြောင်းလဲခဲ့လဲဆိုတာကို လုံးဝမမှတ်မိဘူး အဲ့ဒီလိုမျိုးပဲမလား?"

Application For Divorce  [ 离婚申请 ] Where stories live. Discover now