|60|

2K 337 2
                                    

[Unicode]

စာမေးပွဲရလာဒ်မထွက်လာခင်မှာ၊ ယန်ထန်က ဟယ်ရှင်းချွမ်ကို အပြင်ထွက်လည်ဖို့ခေါ်သွားပေးချင်နေတယ်။

ဟယ်ရှင်းလျန်က အခြေအနေကိုသိတတ်လွန်းသူ။
သူ့အတွက် စိတ်ပူစရာမလိုကြောင်းပြောပြတယ်။
အထက်တန်းဝင်ခွင့်စာမေးပွဲဖြေပြီးတာနဲ့ ဖက်တီးအိမ်မှာပဲသွားနေတယ်၊ ဝူကျင်းကိုတွေ့ရင်တော့ ထိတ်တလန့်လန့်ဖြစ်နေသေး။
ဝူကျင်းက ဘာတွေများလုပ်ပြလိုက်သလဲတော့ မသိနိုင်ဘူး၊ ဒီလောက်ကြောက်လန့်သွားရအောင်။

လေယာဉ်ပေါ်မှာ ဆူညံသံတွေမကြားရဘူး၊ လူတိုင်းက ကိုယ့်ကိစ္စနဲ့ကိုယ်ပဲငြိမ်သက်နေကျတယ်။

ရုတ်တရပ်၊ အရှေ့တန်းနားမှာရှိတဲ့ကလေးငယ်လေးဟာ ထငိုလာတယ်။
အမေက လောလောလတ်လတ်မိခင်မျိုးဖြစ်ရမယ်၊ ကလေးကို တိတ်အောင်မချော့နိုင်သေးဘူး။
ကလေးငိုသံဟာဖြင့် လေယာဉ်တစ်ခုလုံးနီးပါးပျံ့နှံ့တော့မလိုပင်။

လူငယ်ဟာ အိမ်သာခန်းထဲမှထွက်လာတယ်။
လက်ကို လက်သုတ်ပုဝါနဲ့သေချာသုတ်နေပြီး၊ သူ့ခုံဆီပြန်ဖို့ပြင်နေတယ်။
ငိုကြွေးနေတဲ့ကလေးငယ်ကိုတွေ့တော့ အိတ်ကပ်ထဲမှသကြားလုံးထုတ်ယူကာ၊ ကလေးငယ်ဆီကမ်းပေးတယ်။
"သူဖျားနေတာလား?"

မိခင်ဖြစ်သူအမျိုးသမီးက ခေါင်းညိတ်ပြတယ်
"မနေ့ကတော့ ကိုယ်ငွေ့နည်းနည်းရှိတယ်၊ ဒီနေ့ သူ့အဖေကိုသွားတွေ့ရမှာ...နောက်ကျလို့မဖြစ်တာနဲ့ပဲ..."

ကလေးငယ်ကို အိပ်ပျော်သွားအောင်ချော့မြှူပေးနေတယ်၊ ကလေးငယ်အိပ်ပျော်သွားမှ လူငယ်ဟာ သူ့နေရာဆီပြန်သွားတယ်။

မကြာမီမှာပဲ၊ လေယာဉ်မယ်က မိခင်ဖြစ်သူအမျိုးသမီးကို စောင်လာပေးတယ်။

အမျိုးသမီးက အံ့ဩသွားရပေမဲ့၊ လျင်မြန်စွာပဲ သူမကလေးကို စောင်နဲ့ထွေးပွေ့ထားလိုက်တယ်။
သူမထိုင်တဲ့နေရာက အဲယားကွန်းနဲ့တည့်မတ်နေပြီး၊ အေးစက်တဲ့လေထုကို ခံစားနေရတယ်လေ။

လူငယ်က လက်လှမ်းပြတယ်၊ ထို့နောက်မှာတော့ သူ့နေရာသူပြန်ဝင်ထိုင်တယ်။

ယန်ထန်ဟာ မနေ့ညတုန်းက ကောင်းကောင်းမအိပ်ရသေးဘူး။
ဟယ်ရှင်းချွမ်ပြန်ရောက်လာသံကို ကြားတော့၊ မျက်လုံးဖွင့်ကြည့်လာပြီး
"အိပ်ချင်တယ်"

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now