စာစဉ် ၂၀ (၁-၃၀)
3.8K 448 37
စာစဉ် ၂၀၊ အခန်း ၁။  မတော်တဆကိုယ်ဝန် (21)
အဲ့ဒီနေ့က ကြောက်စိတ်တို့ လွှမ်းခြုံနေတယ်ဆိုပေမဲ့လည်း သူမ မျက်နှာက လက်ရာကိုတွေ့တဲ့အခါ ဖြစ်တည်လာတဲ့ ဂူယူရှန်းမျက်လုံးထဲက ဒေါသရိပ်တို့ကို သူမ သေချာမှတ်မိသည် ။
ဂူယူရှန်း သူမအပေါ်ဘယ်လို သဘောထားလဲ သူမ သေချာမသိ ။
ဂူယူရှန်းကတော့ သူမ အမေးကို ဘယ်လိုဖြေရမည်မသိစွာပဲ ငြိမ်သက်နေခဲ့ပြီးနောက် သူက ပြတင်းပေါက်အပြင်ဘက်ကို ခပ်တွေတွေငေးကာ ....
“ဘာလို့လဲဆိုတော့ မင်းက .... ကိုယ်ရှာနေတဲ့မိန်းကလေးနဲ့ တူတာမို့လို့....”
သူ လျန်ဒေါ့ကူအတုအဖြစ် ရှိခဲ့တဲ့မိန်းကလေးကို ပြောနေသည်လား ။
ချင်းကျီအိုက် ရင်ထဲ အမည်မခွဲခြားတတ်တဲ့ ခံစားချက်တို့ ရောယှက်နေခဲ့တော့သည် ...
ဟိုင်နမ်မှာတုန်းက ပြောခဲ့တဲ့မိန်းကလေးကို ပြောနေသည်လားလို့ ချင်းကျီအိုက်မေးချင်နေပေမဲ့ မမေးနိုင်ခဲ့ ။
သူမ မေးလိုက်တဲ့အခါ သူ့အဖြေက “ဟုတ်တယ်” ဆိုရင် ဘယ်လိုလုပ်ရမည်နည်း ။
ချင်းကျီအိုက် ဖြစ်တည်နေတဲ့ခံစားချက်ပေါင်းစုံကို တည်ငြိမ်စေဖို့ရာ သစ်အယ်သီး ဆက်ခွာနေလိုက်ပြီး နောက် ဖုန်းကအချိန်ကိုတစ်ချက်ကြည့်တော့ ဂူယူရှန်းကို
သူမ ပြောခဲ့တဲ့ အချိန် ၁၀နာရီက မခွဲသေး ။
“ဆရာဂူ တက္ကစီရောက်တော့မယ်ထင်တယ် သွားရတော့မယ်”
“ကောင်းပါပြီ ....ဂရုစိုက်သွား”
“ဟုတ်ကဲ့”
ချင်းကျီအိုက်လည်း ဂူယူရှန်းဘေးထိုင်ခုံကနေ ထကာ သူမ လက်ကိုင်အိတ်ထားထားတဲ့ ဆိုဖာဆီ လျှောက်သွားလိုက်ပြီး နောက် အိတ်ကိုယူပြီး နှုတ်ဆက်လိုက်တော့သည် ။
“သွားတော့မယ်နော် ဆရာဂူ”
“အင်း”
ချင်းကျီအိုက်ပြုံးပြလိုက်ပြီးနောက် တံခါးဆီ လျှောက်အလာ ဖုန်းဝင်လာတာကြောင့် ကြည့်လိုက်မိတော့ အမေ့ဖုန်းနံပါတ်ပင် ။