Episode♡13

4.8K 604 30
                                    

​လေးပင်စွာ နိုးထလာ​သော အသိစိတ်တို့သည် တစ်ကိုယ်လုံးနာကျင်စွာ ကိုင်ရိုက်ထားပုံကိုခံစားရ​စေသည်.......နိုး​နေ​သော်လဲ မျက်လုံးတို့မပွင့်နိုင်သည်အထိ တစ်ကိုယ်လုံးနာကြင်​နေသည်။အာ​ခေါင်​တွေ​ခြောက်​သွေ့ကာ ​ရေအလွန်ဆာ​နေ​သော်လဲ သူမလှုပ်နိုင်......

"​ရေ"

ပြန်​ဖြေသံမရှိ​သော တိတ်ဆိတ်​နေ​သည့် ပတ်၀န်းကျင်​ကြောင့် အားယူစွာ ခန္ဓာကိုယ်ကိုလှုပ်ရှားမိ​တော့ တင်း​နေ​အောင်ချည်​နှောင်ခံထားရ​သော ခန္ဓာကိုယ်။​မျက်ခွံတို့ကို အတတ်နိုင်ဆုံးဖွင့်ကြည့်​တော့ အလင်း​ရောင်တစ်စက်​တောင်မရှိ​သော အခန်းထဲတွင်ဖြစ်မည်။

ဖြစ်ပျက်ခဲ့​သောအ​ကြောင်းအရာတို့ကို ပြန်စဥ်းစား​တော့ ကိုကိုတို့ကိုသတ်ဖို့​ပြောလိုက်​သော ခမည်း​တော်ရဲ့စကားကိုသာမှတ်မိပြီး ဘာဆက်ဖြစ်လဲသူမသိ​တော့။

*ကျွီ*

တံခါးပွင့်လာသည်နှင့် အလင်း​ရောင်ပါအခန်းထဲ ၀င်​ရောက်လာတာ​ကြောင့် မျက်စိတို့ကို ပြန်မှိတ်ထားလိုက်သည်။

"နှိုးလိုက်"

တစ်ခါမှမကြားဖူး​သော သူ၏အသံနှင့်အတူ ပုခုံးကိုလာလှုပ်နှိုး​သော လူတစ်​ယောက်......ခမည်း​တော်ရဲ့ အထိန်း​တော်ဆိုတာ အနံ့ရလိုက်ရုံနဲ့သိသည်။

"မင်းသား​လေး ထပါ​တော့"

ခန္ဓာကိုယ်​ပေါ်က ကြိုး​တွေကို​ဖြေ​ပေးပြီး ဆက်နှိုး​နေ​သောအထိန်း​တော်​ကြောင့် အသံထွက်ကာ​ဆိုမိသည်။

"​ရေ​ပေးပါ"

ပြာပြာသလဲ အပြင်ထွက်သွား​သော အထိန်း​တော်
​ဘေးမှာရှိ​နေ​သေး​ေသာ လူစိမ်းတစ်​ယောက်.......

"နာ​နေလား ​ယောင်း"

​ယောင်းဆိုတာ ကိုကိုဘဲ​ခေါ်တဲ့အမည်နာမတစ်ခု......
သူစကားပြန်မ​ပြောနိုင်ပါ ဘာလို့ဆိုသူ့လည်ပင်း​တွေ​ခြောက်ကပ်​နေလို့ အသံမထွက်နိုင်......

"​ရေရပါပြီမင်းသား​လေး"

နှုတ်ခမ်းနား​တေ့​ပေး​သော ​ရေဖလားခွက်​လေးမှ ​ရေအကုန်​သောက်လိုက်ပြီး ​ဘေးကလူကိုတစ်ချက်​မော့ကြည့်လိုက်သည်။မမြင်ဘူးတဲ့လူတစ်​ယောက်......အကြည့်လွှဲကာ မတ်တပ်ရပ်​တော့ ဘယ်နရက်များဒီထဲ​နေခဲ့ရတာ​ကြောင့်လဲမသိ ​အား​ပျော့စွာပျော့​ခွေကျသွား​သောသူ........

More  Than  Love::TK::{Completed}Where stories live. Discover now