35

11.5K 2.2K 142
                                    

Unicode

“ခင်ဗျားက ငါးကင်တာ တော်သားပဲ.. ဒါပေမဲ့ နည်းနည်းတော့ လိုသေးတယ်..”

ရွှယ်ယို့ရှန်းက ငါးကင်တွေကို တစ်ကောင်ပြီးတစ်ကောင် ဗိုက်မပြည့်မချင်း ဆက်တိုက်စားနေခဲ့တယ်။ ပြီးတော့မှ ရင်းဆုယဲ့ကို ချီးမွမ်းလိုက်တယ်။ ဒါတောင် အရမ်းချီးမွမ်းလိုက်ရင် ဘဝင်တွေမြင့်ပြီး မတိုးတက်လာမှာစိုးလို့ မပြတ်မသား ချီးမွမ်းလိုက်ရင်း တိုးတက်လာဖို့ မျှော်လင့်နေပါတယ်ဆိုတဲ့ အရိပ်အယောင်မျိုး ဖော်ပြလိုက်တယ်.

“အင်း..”

ရင်းဆုယဲ့က ဗိုက်လေးပွတ်ရင်း ကျေနပ်နေတဲ့ ရွှယ်ယို့ရှန်းကိုကြည့်ပြီး တိုးညင်းစွာ တုံ့ပြန်လိုက်တယ်။ ရွှယ်ယို့ရှန်းက သူ့ရဲ့ အရည်အချင်းကို တိုးတက်စေချင်မှတော့ သူလည်း တိုးတက်လာအောင် ကြိုးစားပြီး ကောင်လေးကို စိတ်ကျေနပ်စေရမှာပေါ့..!

“………”

ရွှယ်ယို့ရှန်းခမျာ သူ့ရဲ့နှလုံးသားထဲ ရုတ်တရက် ရှုပ်ထွေးလာခဲ့တဲ့ ခံစားချက်တွေကို ပြောတောင်မပြောပြတတ်တော့ဘူး။ ရင်းဆုယဲ့က သူ့ကို အရမ်းအလိုလိုက်လွန်းနေတာ မဟုတ်ဘူးလား..? သူ့ရဲ့ တောင်းဆိုချက်က အရမ်းဆရာလုပ်လွန်းသလို ဖြစ်နေတာတောင် လိုက်လျောပေးနေတုန်းပဲ။ အဲ့တာက သူ့ကို စိတ်လှုပ်ရှားစေတယ်။ ပြီးတော့ တစ်ချိန်တည်းမှာပဲ စိတ်ထင့်သွားစေခဲ့တယ်။

“ရင်းဆုယဲ့.. ခင်ဗျား ကျွန်တော့်အပေါ် ဘာလို့အရမ်းကောင်းနေတာလဲဟမ်..?”

အတော်ကြာအောင် တုံ့ဆိုင်းနေပြီးမှ ရွှယ်ယို့ရှန်းက သိချင်စိတ်အပြည့်နဲ့ ထုတ်မေးလိုက်တယ်။ လမ်းတစ်လျှောက် ရင်းဆုယဲ့ သူ့အပေါ် ဂရုစိုက်ပေးသမျှ၊ အလိုလိုက်ခဲ့သမျှတွေ တစ်ခုချင်းစီကို သတိထားမိလာတယ်။ ရင်းဆုယဲ့ရဲ့ အကျင့်စရိုက်ကိုလည်း သိထားပြန်တော့ ရင်းဆုယဲ့ သူ့အပေါ် အရမ်းကောင်းပေးလေ၊ သူ့မှာ ပိုပြီး နားလည်ရခက်လာလေပဲ။

ရင်းဆုယဲ့က ထိုမေးခွန်းကို တစ်ခဏ တွေးတောကြည့်ပြီးနောက် စကားလုံးငါးလုံးတည်းနဲ့ ပြန်ဖြေခဲ့တယ်။

“မင်းနဲ့ ထိုက်တန်တယ်..” သူ့အတွက်တော့ ဒီကောင်လေးက အရာအားလုံး ပေးဆပ်ပြီး အလိုလိုက်ထားရလောက်အောင် ထိုက်တန်တယ်..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now