Part 36

1.2K 216 101
                                    

[ Unicode ]

ဘခ်ဟျွန်းသည် ယခင်ကတည်းက တစ်ယောက်တည်းနေလာသည့်သူ ဖြစ်သည့်အလျောက် အသံဆူလျှင်မနေတတ်ပါချေ။ ချန်းယောလ်နှင့် အတူနေစဥ်တစ်လျှောက်လည်း နှစ်ယောက်တည်းပေမို့ ပျင်းရိဖို့ဝေးစွ၊ သက်သောင့်သက်သာပင် ဖြစ်သည်မို့ ထို့ထက်လူတစ်ဦးပိုလာလျှင် မျက်စိနောက်နားညီးသည်က ပုံမှန်လိုပင်ဖြစ်သည်။

သို့တိုင် ပိုလာသည်က လူတစ်ဦးမဟုတ်သလို မျက်စိနောက်နားညီးနေသည်ကလည်း ဘခ်ဟျွန်းတစ်ယောက်တည်းအတွက်သာ ဖြစ်သည်။ ချန်းယောလ်ကတော့ ထုံးစံအတိုင်းအေးဆေးပင်။

ဘခ်ဟျွန်းနားထဲ တောက်လျှောက်ဆရာလုပ် ရန်ဖြစ်နေသောဓားသည် လွန်ခဲ့သည့်တစ်ပတ်ကတည်းက အသက်ဝင်ကာ အသံစထွက်ခြင်းဖြစ်ပြီး ထိုသို့အသက်ဝင်မှပင် ပိုပြီးစွမ်းအားကြီးလာသယောင်၊ ဘခ်ဟျွန်းအတွက်လည်း ထိန်းချုပ်ရခက်ခဲလာ၏။ တစ်နေရာလေးမှ သတိလစ်ဟင်း၍မရသည့်တိုင် ဓား၏ပေါက်ပန်းလေးဆယ် အော်ဟစ်နေမှုများအောက်လည်း နားညီးခံနိုင်အောင် သည်းခံခြင်းအကျင့်ကို လေ့ကျင့်နေရပြန်၏။

ဓား၏ဝိဉာဥ်က မိမိနှင့် စိတ်ချင်းဆက်သွယ်၍ရကြောင်းကို စာအုပ်ထဲတွင်ဖတ်ထား၍ ရင်းနှီးနေသည့်တိုင် ထိုကဲ့သို့ကောက်ကာငင်ကာ ထပြောသည်က ကြားဝံမနားသာသည့် ဆဲဆိုနေသံများ ဖြစ်နေလိမ့်မည်ဟုတော့ မမျှော်လင့်ထားသည်မှာ အမှန်ပေ။ စကားပြောတိုင်းမှာလည်း အများစုသည် မြန်ဆန်လွန်း၍ နားမလည်လိုက်သည့်တိုင် တောက်လျှောက်စကားထဲမှာ ပါဝင်သည်ကတော့ ငါသခင်ကြီး ဆိုတာပဲဖြစ်သည်။

ယခုတစ်ပတ်၏ အဓိကအချက်သည် ထိုဓား၏ဆူညံနေသော ပါးစပ်ပေါက်ကို ပိတ်ရန်အတွက်လေ့ကျင့်နေရခြင်းဖြစ်ပြီး ချန်းယောလ်ပြောသလောက်ဆို ထိုဓား၏စွမ်းအားကို သူမမှီမချင်း နားညီးခံနေရမည်တဲ့။ အတတ်နိုင်ဆုံး ကြိုးစားနေသည့်တိုင် စွမ်းအားကတော့ မည်မျှကြီးသလဲဆို ယခင်တစ်ပတ်က ပထမအဆင့် ကျားပေါက်စကို အော်ဟစ်ဆဲဆိုသွားသည့်အပြင် ဒဏ်ရာရအောင်ပါ လုပ်လိုက်နိုင်သည်အထိ။ ထိုကျားခမျာ ဓားခုတ်ကောင်ကိုမြင်တိုင်း ဘခ်ဟျွန်းနားဝင်ပုန်းမြဲ။

The LOEYWhere stories live. Discover now