Ep-10

13.3K 1.1K 91
                                    

"ကိုကို"

ကားပါကင်မှာစောင့်နေရင်း တဖြည်းဖြည်းကြာလာသလိုကိုယ်လည်းToiletဝင်ချင်လာတာမို့ လိုက်သွားတုန်းToilet​ရှေ့စကားများ​နေတဲ့ လူနှစ်ယောက်ကြောင့်သူကြည့်မိတော့ အသက်ကြီးကြီးမိန်းမကြီးတစ်ယောက်ကဟိုလူ့ကို ကော်ဖီတွေနဲ့ပတ်လိုက်တာ၊
မျက်စိရှေ့ကလူကိုရင်ခွင်ထဲဆွဲထည့်ပြီး အရှေ့ကမိန်းမကြီးရဲ့ကော်ဖီခွက်ကိုယူပြီး ပြန်ပတ်လိုက်သည်။

"အား! မင်း..မင်းလူကြီးတစ်ယောက်ကိုဒီလိုလုပ်စရာလား"

"ခင်ဗျားကရောလက်ရဲဇက်ရဲအပိုင်ကိုထိစရာလား"

ခုနကကော်ဖီခွက်ကိုင်လိုက်တာတောင်ပူနေတာ ကော်ဖီနဲ့အပတ်ခံလိုက်ရတဲ့ရင်ခွင်ထဲကလူ ဘယ်လောက်တောင်ပူနေမလဲ ။ ရင်ဘတ်ကိုစိုလာတဲ့အရာတွေကြောင့်အရှေ့က မိန်းမမျက်နှာကိုရိုက်ရန်အလုပ်

"မောင် သွားရအောင်"

သူ့နားနားကပ်ပြီးပြောနေတဲ့လူရဲ့အသံက ကြောက်လန့်မှုနှင့်အတူ ရှိုက်သံတွေပါရောနေသည်မို့ဒေါသကပိုထွက်လာသည်။

"မင်းတို့ကိုတရားစွဲမယ်"

"စောက်ပါးစပ်ကိုပိတ်ထား"

အရှေ့ကမိန်းမကြီးကိုလည်းဂရုမစိုက်အားတော့ပဲ ရင်ခွင်ထဲကလူကိုဖက်ပြီး Toiletထဲအရင်ဝင်လိုက်သည် ။ ငိုနေတာကြောင့်ရဲနေတဲ့မျက်လုံးလေးတွေက သူ့ကိုကြည့်မနေ ၊အကျီင်္ကြယ်သီးကိုဖြည်းဖြည်းချင်းဖြုတ်တော့တွန့်သွားတဲ့လူကြောင့် ခုနကဒေါသကထွက်လာပြန်သည်။

"ငါ့ဘာသာချွတ်လိုက်မယ် ငါ့ကိုအကျီင်္တစ်ထည်သွားဝယ်ပေးထား"

"ခဏစောင့်"

Toiletထဲကတံခါးတွေအကုန်လိုက်ခေါက်ပြီး လူမရှိတာသိမှသာ သူထွက်သွားလိုက်သည်။ ပြီးတာနဲ့Toiletရှေ့ 'လုပ်ငန်းခွင်အန္တရာယ်ရှိသည်'ဆိုတဲ့
သတိပေးဆိုင်းပုဒ်ကို ချထားလိုက်သည်။ သူထွက်လာတော့Toiletရှေ့ကမိန်းမကြီးလည်းမရှိတော့သလို ခုနကလူတွေလည်းတဖြည်းဖြည်းမရှိတော့။

"အေး ***Cctvကိုhackပြီးဝင်ကြည့် ပြီးရင်အဲ့
မိန်းမအကြောင်းပါစုံစမ်းထား"

မောင့်လက်ယာ(မောင့်လက်ယာ){completed} Where stories live. Discover now