Part - 1⚡

47.3K 1.4K 91
                                    

🔹Unicode🔹

"ထင် မင်းတစ်ယောက်ထဲရပါ့မလား"

"ငါက ကလေးလား ရပါတယ်ကွာ"

"ငါ့အိမ်က ကားနဲ့လိုက်ခဲ့လေ"

"ဟျောင် ဝေလျှံ မင်းတို့ဘာဖြစ်နေတာလဲကွာ ရပါတယ်ဆို"

ကျူရှင်ဆင်းတော့ ထင့်အိမ်ကလာမကြိုသေးတာကြောင့် ပိုင်မြတ်မှူးခန့်နဲ့ နှိုင်းဝေလျှံထွန်းတို့ ထင့်ကိုစိတ်မချဖြစ်နေကြခြင်း။သာမန်ဆို ထင်ကလဲ ယောက်ျားလေးတစ်ယောက်ပဲလို့ ပြောရပေမယ့် ဖြူဖြူချောချောလေး ထင်ကမိန်းကလေးများ အရှုံးပေးရလောက်အောင် လှရက်နိုင်လွန်းတာမို့။အတန်းတူဥက္ကာဆိုတဲ့ကောင်က ထင့်ဆို အမဲဖြတ်မလို သည်းကြီးမည်းကြီးနဲ့ အသေရရ အရှင်ရရ ယူမည့်ကောင်မျိုးဖြစ်သည်။

"မင်းကို စိတ်မချလို့ပါကွာ"

"ဘာစိတ်မချစရာရှိလဲ ငါယောက်ျားပါကွ"

"ဥက္ကာဆိုတဲ့ကောင်ရဲ့ မျက်လုံးထဲတော့ မဟုတ်ဘူးလေကွာ မဟုတ်ရင် ဟိုကတော်ကီတွေ စွတ်ကျွေးမှ ငါတို့ကောင်ကြီးထင် ငယ်ငယ်ရွယ်ရွယ်နဲ့ ယောက်ျားရနေမယ် ဟား ဟား"

"-ိုးမ မြတ်မှူး ငါကအဖြောင့်ကွ အဖြောင့်"

"ဖယောင်းတိုင်လိုလား ဟား"

"ဓာတ်တိုင်ကွ ဓာတ်တိုင်"

"ဘိုဘိုကာတွန်းကားထဲကလိုလား စက်ဘီးနဲ့တိုက်လဲ ကွေးတာပဲ"

"‌မဟုတ်ပါဘူး နှိုင်းငယ်လေးရယ် ဟိုရှေ့က ဓာတ်တိုင်ပါ"

"ဟာ မြေနိုး"

"ဟား ဟား"

ခနဲ့တဲ့တဲ့လုပ်နေတဲ့ နှိုင်းဝေလျှံထွန်းကို သူ့နာမည်ထဲက မိန်းကလေးဆန်လို့မကြိုက်ဆုံးဆိုတဲ့ နှိုင်းကိုငယ်လေးထည့်၍ ရွဲ့ခေါ်လိုက်သည်။ဒါကနိုင်ကွက်ပေမလား။

"တော်တော် မင်းဟာမင်းစောင့်တော့ ငါပြန်ပြီ"

"ဒိုး!"

"ငါကူစောင့်ပေးရမလား ထင်"

"မင်းလဲ ဒိုး"

"ခွေးကောင် စကားပြောတာကိုက ဒီလိုကောင်ကိုများ ကျောင်းကလူတွေ ဘာကြည့်ကြိုက်ကြလဲ မသိဘူး"

Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now