တာဝန်ကျေပွန်သော နေမင်းကြီးကဝတ္တရားအတိုင်း အရှေ့အရပ်မှ ထွက်မြဲထွက်လာသည်။ တာဝန်ကျေပွန်သည့် ဖခင်တစ်ယောက်ကတော့ မီးဖိုချောင်ထဲတွင် တကုပ်ကုပ်....
သမီးလေးအတွက် မနက်စာ အား ပြင်ဆင်ပေးနေသော ဖခင်....
သူကတော့ lee bo တဖြစ် yibo...
ညက ကောင်းကောင်းအိပ်မပျော်သည့်သူဟာ ယနေ့နံနက်တွင်လည်းလန်းဆန်းနေခြင်းမဟုတ်...
မနေ့ညက နိုးလာသည်က ညနှစ်နာရီခန့်ပင်ရှိလေပြီ။ ထို့ပြင် xiao zhan နှင့် အခြေအတင် ဖြစ်ခဲ့သဖြင့် အိမ်အား မနက်သုံးနာရီခန့်မှပင် ပြန်ရောက်လေသည်။ Password ခံထညးသည့် အခန်းဖြစ်သည့်အတွက် password ရိုက်ကာ ဝင်လိုက်သည်နှင့် အခန်းထဲမှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်သမီးလေး။ မကြာခင်ကမှ သတိရလာသည့်သူဖြစ်၍ ကြောင်နေသော မျက်လုံးများကြောင့် သမီးလေးဘေးနားထိုင်ကာသာ ကြည့်နေမိသည်။ ခဏကြာမှ မှေးခနဲအိပ်ပျော်သွားသည့်သူဟာ နံနက် ငါးနာရီခွဲသည်နှင့် နေ့စဥ်ဆောင်ရွက်နေကြအကျင့်ကြောင့် ဆက်အိပ်မရတော့ပေ။
ထိုဒဏ်များကြောင့် လူက နုံးသလိုလို၊ အားမရှိသလိုနှင့် ခေါင်းများက မူးနေလေသည်။
" အာပါး...ညက နောက်ကျတယ်နော်...ဘယ်အချိန်ပြန်ရောက်လဲ"
ကျောဘက်မှ ထွက်လာသည့် ချစ်ရသည့် သမီးလေး၏ နံနက်ချိန်ခါတေးသံသာ အိပ်ချင်မူးတူးအသံလေးအား ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်တော့ မျက်လုံးတပွတ်ပွတ်နှင့် သမီးလေးကို တွေ့လိုက်ရသည်။
" အို...အာပါး သမီးလေးတောင် နိုးလာပြီကို လာမျက်နှာသွားသစ်မယ်၊ ရေသွားချိုးမယ်"
နံနက်ခင်း ဖခင်တစ်ယောက်၏ တာဝန်များအား ဆောင်ရွက်ရင်းဖြင့် အချိန်များအား ကုန်ဆုံးစေသည်။ သမီးလေးအား ကျောင်းပို့ကာ ပြီးသည်နှင့် နံနက်ခင်းသတင်းစာပို့ခြင်းအလုပ်ကို စတင်လေသည်။ သတင်းစာပို့လျှင် စက်ဘီးစီးကာ ပို့သူမို့ ထင်သလောက်တော့မပင်ပန်း...
သတင်းစာပို့ခြင်းအလုပ်ပြီးသည်နှင့် cafe ဆိုင်လေးသို့ ခြေဦးလှည့်တော့သည်။
ESTÁS LEYENDO
He & I [COMPLETED]
![He & I [COMPLETED]](https://img.wattpad.com/cover/282572209-64-k388557.jpg)