အပိုင်း - (၃)

11.4K 1.3K 184
                                    

နေး ဆီက တုံ့ပြန်စကားကို မစောင့်ပဲ သူပြောချင်တာပြောပြီး ကျောခိုင်းထွက်သွားတဲ့လူကို နေး မျက်ခုံးနှစ်ဖက် ထိလုမတတ် ကွေးညွှတ်ပြီးတော့ ထိုလူမြင်ကွင်းထဲက ပျောက်သွားတဲ့အထိ  လည်ပြန်ကြည့်လိုက်သည်။

သူက တကယ်ပဲ ဥက္ကဌကြီးရဲ့သား လား... ။

နေး အတွေးမဆုံးခင်မှာ အိမ်တော်ထိန်းက အပြေးအလွှားနဲ့ နေး အနားကိုရောက်လာသည်ကြောင့် မျက်တောင်နှစ်ချက်လောက် ဆင့်ခတ်လိုက်ပြီး အိမ်တော်ထိန်းကို ခေါင်းညိတ်ပြလိုက်သည်။

" မောင်လက်ျာ... သခင်လေး တစ်ခုခုများ ပြောသွားသေးလား "

" ဗျာ!! "

မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ သူ့အမေးကို အံ့အားသင့်သလို ကြည့်နေတဲ့မောင်လကျာ်ကြောင့် အိမ်တော်ထိန်းလည်း သူ့အရှိန်ကို သူ ပြန်ထိန်းလိုက်သည်။  ဘာပဲဖြစ်ဖြစ် သခင်လေးရဲ့ image ကို မထိခိုက်အောင် ထိန်းမေးရမယ်မလား။

" အော်... ဒီလိုပါ သခင်လေးက အခုမှ England က ပြန်လာဆိုတော့ ဒီကလူတွေနဲ့ ဝေးကွာနေတာကြာပြီလေ... အဲ့ဒါကြောင့် မောင်လကျာ်ကို စကားလာပြောတော့ အဆင်ပြေရဲ့လား လို့ မေးချင်တဲ့သဘောပါ "

အော်... လက်စသတ်တော့ ဥက္ကဌကြီး လေဆိပ်မှာသွားကြိုခိုင်းတဲ့လူက ဒီလူလား။ ဒါနဲ့... နေပါဦး...။ အခုမှ England က ပြန်လာတဲ့လူက ဘယ်လိုဖြစ်ပြီး အိမ်မပြန်ပဲ hotel ကို အရင်ရောက်လာတာလဲ။ နေး စိတ်ထဲတွေးမိရင်းက အပြင်မှာပါ နှာခေါင်းရှုံ့မိသွားသည်။

" မောင်လက်ျာ... မောင်လက်ျာ "

" ဗျာ!! ဟုတ်... သူ ဘာမှမပြောသွားပါဘူး... ဒီတိုင်းပဲ မိတ်ဆက်သွားတာပါ "

" ဟူး... တော်သေးတာပေါ့ "

အိမ်တော်ထိန်းက အခုမှ စိတ်အေးသွားရတဲ့ပုံစံမျိုးနဲ့ သက်မောချပြီး လာရာလမ်းအတိုင်း ပြန်ထွက်သွားတော့သည်။ နေးကတော့ ဧည့်ခန်းထဲမှာ အူကြောင်ကြောင်လေးနဲ့ ကျန်ခဲ့တော့သည်။

ဒီနေ့မှ ထူးထူးဆန်းဆန်းတွေနဲ့ တကယ်ကြုံနေရတာပဲ... ။

နောက်ငါးမိနစ်လောက်ကြာတော့ ဥက္ကဌကြီးက အိမ်ပြန်ရောက်လာသည်။ နေးလည်း ဧည့်ခန်းထဲကနေ ထွက်လာပြီး အိမ်အဝင်ဝမှာ ခရီးဦးကြိုပြုလိုက်သည်။

My Beautiful SPOUSEWhere stories live. Discover now