အပိုင်း ၁၂

971 134 16
                                    


Unicode

ပိုင်ဝေ့ရှင်း ကုတင်ပေါ်တွင် အသာအယာအိပ်နေရင်း  လက်တော့ပ်အား ဖွင့်ကာ ပြိုင်ပွဲခန်းမနဲ့ပက်သက်ပြီး တက်လာသောသတင်းများအား ဖတ်နေလိုက်သည် ။ သို့သော် အခုချိန်ထိ ဘာမှရေရေရာရာသိရှိခြင်း မရှိသေးချေ ။

ဒီလောက် အင်အားကြီးတဲ့ Kingdomရဲ့လက်တံတွေကတောင်  ဒီကိစ္စနဲ့ပက်သက်ပြီး ဘာမှမရှာနိုင်ဘူးဆိုတော့ ဒီလူက ဘယ်လောက်တောင် အန္တရာယ်ကြီးလိုက်မလဲ ။ ဟူး...  ငါနဲ့မဆိုင်ပါဘူးလေ.. ။

စဥ်းစားခန်းဝင်နေချိန်  ဖုန်းမှ တီးလုံးသံထွက်လာလေသည် ။ ရိုစလီဆီ့မှ လာမှန်းသိလိုက်ရ၍ ချက်ချင်း ကိုင်လိုက်သည် ။

" ဟယ်လို... ရိုစလီ ပြော..."

" ဝေ့ဝေ့  နင်အဆင်ပြေရဲ့လား.. လက်ရော ဘယ်လိုနေသေးလဲ.. နာနေသေးလား.. "

ပိုင်ဝေ့ရှင်း  ရိုစလီပြောမှပင် လက်မောင်းမှဒဏ်ရာအား သတိရသွားပြီး  ပြန်ကြည့်လိုက်ရာ .. သွေးအနည်းငယ်စိုနေသေးတာ တွေ့ရသည်။

" ပြေပါတယ်.. မနာတော့ပါဘူး..  နင်ရော အဆင်ပြေလား.."

" အင်း.. ပြေပါတယ်..  နင်သာ ဂရုစိုက်.. ပြီးတော့ နင်နဲ့ ခေါင်းဆောင်နဲ့က  အရင်ထဲသိနေတာလား.. နင့်ကို ဂရုစိုက်တဲ့ပုံက  ပုံမှန်မဟုတ်ဘူးနော်.. အပြန်ကိုလဲ လိုက်ပို့တာတွေ့လိုက်တယ်နော်. ဘာတွေလဲ  ဘာတွေလဲ... "

" ဘာမှမဟုတ်ပါဘူးဟာ..  တခါ  ငါ့ကို ကူညီဖူးရုံပါ.. အခု ငါက ပြန်ကူညီလိုက်တယ်.. သူ့ကြောင့် လက်မောင်းဒဏ်ရာနဲ့မို့ ကားမောင်းလို့အဆင်မပြေတာမို့ လိုက်ပို့တာပါ.. ဒါပါပဲ ကျန်တာမရှိပါဘူး.. "

" ဟုတ်လို့လား..  နင်နော် အချင်းချင်း မလျှိုထားနဲ့.. အဟိ  "

" တကယ်ပါဟယ်.. စိတ်ချပါ နင်က ငါ့သူငယ်ချင်းပဲကို တခုခုဆို နင့်ကိုအရင်ဆုံးပြောပြမှာပေါ့ ဟုတ်ပြီလား.. "

" အေးပါ...  ဒါနဲ့လေ နင်နဲ့ခေါင်းဆောင်အတူထွက်သွားတာကို မင်ဟွန်းလဲ မြင်သွားတယ်သိလား.. ပြီးတော့လေ......"

" ဟုတ်လား.. ဘာဖြစ်လဲ မြင်သွားတော့.. "

"နင်တို့ သွားတဲ့ဘက်ကိုကြည့်နေတာအကြာကြီးပဲ.. တခုခုကို မကျေနပ်တဲ့ပုံ ပေါက်တယ်... "

ချစ်သောဗီလိန်လေး 2  (Ongoing)Where stories live. Discover now