36.1

10.4K 2K 57
                                    

Unicode

“ရင်းဆုယဲ့.. မြူနှင်းတောအုပ်ထဲမှာ ရတနာတွေသွားရှာကြမလား..?”

ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ကို မျှော်လင့်ချက်အပြည့်ဖြင့် မော့ကြည့်လိုက်တယ်။ မနေ့ညက သူ  ဘယ်လိုဖြစ်လို့ အရမ်းအိပ်ငိုက်သွားတာလဲ မသိဘူး။ ချက်ချင်းကြီး တန်းအိပ်ပျော်သွားခဲ့တယ်။ ဒါပေမဲ့ သူပြောချင်နေတဲ့ကိစ္စကို အိပ်ယာနိုးလာတဲ့အထိ မမေ့မလျော့ သတိရနေတုန်းပဲ။

“အင်း..?”

ရင်းဆုယဲ့က ကောင်လေးကို တည်တည်ငြိမ်ငြိမ် လှည့်ကြည့်လိုက်တယ်။ ဒီတစ်ခေါက်ရော ရွှယ်ယို့ရှန်းက ဘယ်လိုနည်းလမ်းတွေ သုံးပြီး သူ့ကို စိတ်ပြောင်းလဲအောင် လုပ်ဦးမှာလဲဆိုတာ သူသိချင်လာမိတယ်။

“သခင်-အစေခံစာချုပ်ကို ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ပစ္စည်းတစ်ခု ဒီမြူနှင်းတောအုပ်ကြီးရဲ့ အတွင်းပိုင်းမှာရှိတယ်..”

ရွှယ်ယို့ရှန်းက လက်မြှောက်လိုက်ပြီး အကြောင်းပြချက်တစ်ခုကို မတုံ့မဆိုင်း ပြောလိုက်တယ်။ စာချုပ်ရဲ့တည်ရှိမှုအပေါ် ရင်းဆုယဲ့လည်း ကြီးကြီးမားမား စိတ်ဖိစီးနေမှာပဲ။ အဲတာကြောင့် တတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းနိုင်ဖို့ နည်းလမ်းရှာကြည့်ရမယ်။

“အလျင်မလိုဘူး..”

တကယ်တော့ ရင်းဆုယဲ့လည်း စာချုပ်ပယ်ဖျက်နိုင်မယ့် နည်းလမ်းကို သိထားပြီးသားပါပဲ။ ဒါပေမဲ့ ရွှယ်ယို့ရှန်းကို ဘယ်တော့မှ ပြောပြမှာမဟုတ်ဘူး။

သခင်-အစေခံစာချုပ်ကို ပယ်ဖျက်ချင်ရင် ရှားပါးပစ္စည်းတွေ အများကြီး လိုအပ်လိမ့်မယ်။ ပြီးတော့ ပါဝင်ပစ္စည်းအားလုံးက အချိန်တိုအတွင်း ရှာဖွေလို့လွယ်ကူတဲ့ ပစ္စည်းတွေမဟုတ်ဘူး။ အရင်ဘဝတုန်းက ဟွမ်ပေ့ချန်က မိန်းမလှလေးတစ်ယောက်ကို သူမ,သခင်ရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်နိုင်အောင် ကူညီပေးခဲ့ဖူးတယ်။ ပါဝင်ပစ္စည်းတွေကို တစ်နှစ်ပတ်လုံး လိုက်လံစုဆောင်းခဲ့တယ်။ အဲတာကြောင့် သူလည်း ထိုနည်းလမ်းအကြောင်း သိသင့်သလောက် သိနေတယ်။

နောက်ဆုံးတော့ ဟွမ်ပေ့ချန်က စာချုပ်ကို အောင်အောင်မြင်မြင် ပယ်ဖျက်နိုင်ခဲ့ပြီး ကောင်မလေးကိုလည်း သူမရဲ့ သခင်ဆိုးဆီကနေ ကယ်တင်ပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ သူကတော့ ရွှယ်ယို့ရှန်းကို သူ့အနားမှာ ဆက်ထားနိုင်ဖို့အတွက် စာချုပ်ကို ထိန်းသိမ်းထားရဦးမှာပဲ။ ရွှယ်ယို့ရှန်း စာချုပ်ဖျက်ဆီးဖို့ ကြံနေတာကို လုံးဝခွင့်ပြုထားလို့မရဘူး..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now