Chapter (72)

18.9K 2.7K 103
                                    

[TN: ၁၆ပိုင်းပဲကျန်တော့တယ်နော် အခုတလော မန့်တွေ Rp မပြန်နိူင်တာ ခွင့်လွှတ်ပေးပါနော်။ပျော်ရွှင်စရာသီတင်းကျွတ်ပါရှင့် သီတင်းကျွတ်ရယ်မှ မဟုတ်ပါဘူး၊ဉတုသုံးပါးစလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဒီရေဘဝဲသူရဲကောင်းကြီးမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🤗]

မုန့်ရန်ရဲ့ နေ့ရက်တွေက ကျောင်းတက်လိုက် ကလေးထိန်းလိုက်နဲ့ပဲ ပုံမှန်လည်ပတ်နေခဲ့တယ်။

ဒီတစ်ခေါက်ကျောင်းပိတ်ရက်မှာ ကျူယောင်နိူင်ငံကို ခရီးထွက်ဖို့ ကျောင်းကနေစီစဉ်ပေးထားတယ်။နိူင်ငံတကာပြိုင်ပွဲအတွက် အကြိုလေ့ကျင့်ရေးဆင်းတုန်းက မလိုက်ပါခဲ့ပေမယ့် အခုတစ်ခေါက်မှာတော့အရေးကြီးတဲ့ ကုန်ကြမ်းတွေဝယ်ယူဖို့အတွက် မုန့်ရန်ကို မဖြစ်မနေလိုက်ခဲ့ဖို့ ကျောင်းဘက်က အကူအညီတောင်းထားတယ်။

သူ့ရဲ့ အတွင်းစိတ်ထဲက အကြောက်တရားတွေကို ဒီ့ထက်ပိုပြီး မရှောင်ပြေးချင်တော့တာကြောင့် မုန့်ရန် ဒီခရီးစဉ်မှာ လိုက်ပါဖို့ သဘောတူလိုက်တယ်။အခုချိန်မှာ အတွင်းစိတ်ထဲမှာ အကြောင်တရားတွေကင်းစင်နေပြီး အရင်ကထက် သတ္တိတွေကိုရှိနေပြီလို့လဲ ခံစားနေရတယ်လေ...

သို့ပါသော်လည်း ကျူယောင်နိုင်ငံကို သွားရမယ့် အချိန်​နီးကပ်လာလေ မုန့်ရန် စိတ်နဲ့ကိုယ်နဲ့ မကပ်လေဖြစ်လာတယ်။အိမ်မက်ဆိုးတွေ ထပ်မမက်တော့တာတောင် ရှင်းမပြတတ်တဲ့ ပူပန်သောကတချို့ကတော့ ရှိနေဆဲပါပဲ။

လော်ရှို့ က  Flower room ထဲက ဆိုဖာပေါ်မှာထိုင်ပြီး ငေးငိူင်နေတဲ့ မုန့်ရန်ကို မြင်လိုက်ရတယ်။အနားကိုရောက်ချိန်မှာ မုန့်ရန် မျက်ရည်ကျနေတာကို မြင်လိုက်ရတဲ့အတွက် ထိတ်ထိတ်ပြာပြာနဲ့ ခြေလှမ်းတွေကို အရှိန်တင်လိုက်တယ်။

"ဘာဖြစ်လို့လဲ??တစ်ခုခုဖြစ်နေတာလား??"

လော်ရှို့က မုန့်ရန်ကို ပွေ့ဖက်ပြီး မျက်နှာလေးကို သေချာမြင်ရအောင် ပင့်ကြည့်လိုက်တယ်။

"ပြန်ရောက်ပြီလား??အခု ဘယ်အချိန်ရှိနေပြီလဲ?"

အခုမှ သတိပြန်ကပ်လာတဲ့ မုန့်ရန်က လော်ရှို့ကိုမေးလိုက်တယ်။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now