Chapter-1

54.4K 2.7K 94
                                    

Unicode

ရုန်းထွက် မရခြင်းများ

ကိုင်ထားလက်စ ဖိုင်တွဲကိုကြည့်ရင်း
သျှမ်း ခေါင်းတွေထိုးကိုက်ချင်လာသည်။
သူ့မျက်နှာက အတော်လေးပျက်ယွင်းနေကာ
ထင်ရှားသည့် မျက်ခုံးထူကြီးနှစ်ခုမှာလည်း တစ်ခုနှင့်တစ်ခု ထိပ်ချင်းထိစပ်တော့မတတ်။စိတ်တွင်းမှ တလှိုက်လှိုက်တက်လာသည့် မကျေနပ်မှုတွေ လေပူအဖြစ်ပြောင်းသွားလဲသွားသည့်အခါ အဲယားကွန်ခန်း၏ အအေးဓာတ်ပင်လျှင် သူ့ကိုမအေးချမ်းစေနိုင်တော့ချေ။

"ဆရာဦး.. ဒီစာရင်းကအတည်ဖြစ်သွားပြီလား။ အောက်ဆုံးတစ်ယောက်က အခုမှ
Final Part 2ပဲရှိသေးတာနော်"

သူ့အသံမှာ အလိုမကျမှုများစွာဖြင့်။လက်ထဲကဖိုင်ကို အထက်အောက်စုန်ဆန်ကြည့်ရင်း  သူ ဘယ်လိုမှလက်မခံနိုင်ဖြစ်နေရသည်။

"ကျောင်းတက်ဆဲတွေကို ခေါ်လေ့မရှိပဲနဲ့။
ပါလာရင် ထိန်းရခက်နေအုန်းမယ်"

ဒီတစ်ခေါက်တော့ သျှမ်း ဆင်ခြေပါပေးလိုက်၏။ထို့နောက် လက်ထဲကဖိုင်ကို စား‌ပွဲပေါ်ချရင်း ရှည်လာပြီဖြစ်တဲ့ဆံပင်တွေကြား လက်ချောင်းများဖြင့်ထိုးဖွမိသည်။သူ့မျက်နှာကမူ မကြည်မသာဖြစ်လျက်။

ခေါင်းတငြိမ့်ငြိမ့်နှင့် နားထောင်နေသည့်ဆရာဦးက စကားမပြန်ခင် သျှမ်းချထားသော ဖိုင်ကိုပြန်ဆွဲယူကာ ဆုံလည်ကုလားထိုင်ပေါ်မှီချလိုက်သည်။ ခုံကို လှုပ်နေသည်မို့ တကျွိကျွိအသံတို့ အခန်းတွင်း ပေါ်ထွက်လာကြ၏။

သျှမ်းမှာတော့ သူ့ရှေ့က အသက်၅၀အရွယ်
အန်ကယ်စန်းမင်းဦးကို ပေစောင်းစောင်းကြည့်ရင်း သက်ပြင်းမချပဲမနေနိုင်။ သူတို့ဆရာဦးက အစီစဉ်ချတာ သိပ်တော်သည် ထင်ခဲ့သော်လည်း ဒီတစ်ခေါက်တော့ တော်တော်ကို ညံ့သွားခဲ့ပြီ။

ယခုလည်း  နာမည်လေး သုံးခုလောက်သာပါသည့် ဖိုင်ကို လေးငါးခြောက်ခါလောက် အခါခါဖတ်ရင်း ခေါင်းတဆတ်ဆတ်လုပ်နေသည်မို့ ဘာတွေတွေးနေသလဲ မသိနိုင်။    သျှမ်းမှာတော့ ဇိုးခနဲဇွက်ခနဲသမားမို့ ခုလိုအချိန်ဆွဲ ခံနေရသည်မှာ ထွက်ခါနီးဒေါသကို လမ်းဖွင့်ပေးနေသည့်အတိုင်းပင်။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now