Chapter (4.1)

8.6K 1.1K 28
                                    


                     { Unicode }

ကျန်းရှု တစ်ယောက် ဟာ ဆိုရင် ဖြင့် ရှုပေါ်စု နဲ့ ယုစုယန် ကို နှိုင်းယှဥ် ကြည့်​ေနတုံးပဲ ဖြစ်လေတယ်။ သူ သဘော မပေါက်တဲ့ အချက် တစ်ခုက ဟို ခွေးကောင်က သူ့ကို အလိုမလိုက် ဘူး တဲ့ အပြင် သူ့အကြောင်း ကို တောင် ရေရေ ရာရာ မသိခဲ့လေဘူး။ ဒါပေမယ့် ထိုလူ ကျတော့ သူတောင် မသိ လိုက်ပါ ပဲနဲ့ သူ့ဘေး နားဆီ တစ်ဖြေးဖြေး တစ်လှမ်းပြီး တစ်လှမ်း တိုး လာ နိုင် ခဲ့တယ်လေ။ ဒါပေမယ့် သူ အခုထိ ထိုလူ အကြောင်း ကို ဘာမှ မသိသေး ပါဘူး။

  သူက ဒီလူစိမ်း ဖြစ်တဲ့ သူနဲ့ ရင်း နှီးတာ ဘယ်လောက်မှ တောင် မကြာသေးဘူး အခုဆို သူတို့ ၂ ဦးကြားမှာ ဆန်းကြယ်တဲ့ ဆက်ဆံရေး တစ်ခု ရှိလာတော့မယ်။ နူးညံ့ ယဥ်ကျေး သိမ်မွေ့တဲ့ ထိုလူ ရဲ့ သူငယ်ချင်းတွေ ကိုပဲ ကျန်းရှု အပြစ်တင် နိုင်တော့တယ်။ ထိုလူတွေ က သူ့အပေါ် ကောင်းမွန်စွာနဲ့ ဂရုတစိုက် ဆက်ဆံပေး တယ်လေ။ စိတ်လည်း ရှည်ပေး ကြတယ်။ ဒါကြောင့်ပဲ သူတို့ နဲ့ စိတ်သက်တောင့် သက်သာ ဖြစ်အောင် နေခဲ့တာပဲ။ ဒါပေမယ့် သူ့အတွက် အန္တရယ် ရှိလာပြီ လို့ သိလိုက်တဲ့ အခါ အတိုက်ခိုက် ခံ လိုက် ရတဲ့ ငှက်ကလေး တစ်ကောင် လိုမျိုး ထွက်ပြေး မယ်လဲ လုပ်ရော သူ မပြေး နိုင် တော့ပါဘူး။

  သူက အဝေး ကို ထွက်ပြေး လို့မရ မှန်း သိလိုက် ရတဲ့ အခါ ကျန်းရှု ရဲ့ မျက်နှာပေါ်မှာ ကြောက်ရွံ့နေတဲ့ အမူအရာ အစား  ဒေါသတွေ က နေရာ ယူ လာခဲ့တော့တယ်။ ဘာလို့လဲ ဆိုတော့ ကျန်းရှု ဟာ သူ့အဖေ က သူ့ကို ငယ်စဥ် ကတည်းက သတိပေး ထားတဲ့ စကား တစ်ခွန်း ကို ပြန်မှတ်မိ သွား လို့ပဲ ဖြစ်လေတယ်။

"  တကယ် လို့ တစ်ပါး လူရင် ကစားခံလေး(sex ပိုင်းဆိုင်ရာ) မဖြစ်စေ ချင်ရင် မင်းကိုယ် မင်း တန်ဖိုး ထားပြီး ကာကွယ်ပါ...''

ဒါကြီး က အတည်ကြီးလားဟ!

  သူ့အဖေပြော ခဲ့တာ ကို သူ့ဘာသာသူ ပြန်တွေး နေမိတယ်။ အင်း .... ဖြစ်နိုင် လောက်တယ်။

ဘာလို့လဲ ဆိုတော့ ကျန်းချူနမ် ဆိုတဲ့ သူ့အဖေက ဖျော်ဖြေရေး အင်တာ တိန်းမန့် မှာ အလုပ် လုပ်တာ ဖြစ်တဲ့ အတွက်ကြောင့် မပြောပြ နိုင် လောက်တဲ့ ကိစ္စတွေ အများကြီး ကိုလည်း ကြုံတွေ့ ခဲ့ ဘူးမှာ အသေအချာပဲ။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now