Arc.6.13
3.3K 546 25
ရွမ်းရီ  အိမ်တော်ထိန်းခေါ်လာသည့် စာကြည့်ခန်းသို့ အရောက်တွင် အထဲမှ ထွက်လာသည့် အမျိုးသမီးတစ်ယောက်အား တွေ့လိုက်ရသည်။ နီညိုရောင်အနောက်တိုင်း ဝတ်စုံအား သေသပ်စွာ ဝတ်ဆင်ထားပြီး သူမရဲ့ ရွှေဝါရောင်ဆံနွယ်လိမ်တွေက ပုခုံးထက်သို့ ဝဲကျနေသည် ။ ရွှေကိုင်းမျက်မှန်ကို ပင့်လျက် သူ့အား ကြည့်လာသည့် မျက်ဝန်းများက စူးရှနေကာ နူတ်ခမ်းတောင့်စွန်းတစ်ဖက်ပင့်ကာ ပြုံးပြလာသဖြင့် ရွမ်းရီက ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည် ။
" သခင်လေးက စာကြည့်ခန်းထဲမှာ ရှိပါတယ် .." အိမ်တော်ထိန်းက ရွမ်းရီအား ပြောပြီးနောက် ထွက်သွားတော့သည်။
စာကြည့်ခန်းတွင် စားပွဲပေါ်က မီးအိမ်လေးသာ ထွန်းထားပြီး အလင်းမှိန်မှိန်သာ ရှိသည် ။ ဆိုဖာပေါ်တွင် ထိုင်‌နေသည့်ပုံရိပ်က တံခါးဖွင့်သံကြားသည်နဲ့ ထရပ်လာသည် ။ အခန်းထဲသို့ ဝင်လာသည့် ဖြူလွလွပုံရိပ်လေးအား ရင်ခွင်ထဲ ဆွဲထည့်လိုက်ကာ တင်းကျပ်စွာ ဖက်တွယ်လိုက်လေသည်။
အကျင့်မကောင်းသည့် လူတစ်ယောက်၏အခန်းထဲသို့ ဝင်ခြင်းက မကောင်းသည့်အရာများသာ ဖြစ်လာမည်ကို ကြိုသိထားသော်လည်း သူ့အား ဝင်ဝင်ချင်းမှာပင် ဆွဲဖက်လိုက်လိမ့်မည်ဟု မထင်ထားသဖြင့် ရွမ်းရီ၏ တုန့်ပြန်မှုက နှေးကွေးခဲ့လေသည် ။ ဒါ့အပြင် တဖက်လူသည် ဖက်ထားရုံသာဖြစ်ပြီး ဘာစကားမှ မပြောလာပေ ။
ရွမ်းရီ၏ လက်များက တွန်းထုတ်ရန်လှုပ်ရှားလိုက်ပြီးမှ ပြန်ချလိုက်သည် ။ ရုတ်တရက်ခံစားရသည့် သက်တောင့်သက်သာ ဖြစ်မှုက သူ့အား လှုပ်ရှားမှုများကို ရပ်တန့်သွားစေနိုင်လောက်အောင် အံ့အားသင့်စေသောကြောင့်ပင် ။ ဒီခံစားချက်.. သူ့ခန္ဓာကိုယ်ထဲကနေ အလင်းတစ်ခုထွက်လာတုန်းက ကဲ့သို့ခံစားချက် ...
ဒီခံစားချက်က .. သူ့ကို သက်တောင့်သက်သာဖြစ်မှု ပေးနိုင်သလို တစ်ချိန်တည်းမှာဘဲ ရင်ဘတ်တစ်ခုလုံးကို တင်းကြပ်သွားစေသည် ။ သူက ပျော်ရွင်စရာ‌နေ့မှာ အဝမ်းနည်းဆုံး အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရသလိုမျိုး ..
အချစ်ရဆုံးသူကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ ပျော်ရွင်မှု.. တချိန်တည်းမှာဘဲ ထိုသူကို လက်လွှတ်ဆုံးရှုံးခဲ့ရသလိုမျိုးနာကျင်မှု ..