Ep-36

493 20 0
                                    

အဆောင်တော်ပြန်သွားတာ တစ်ပတ်ပင်မပြည့်သေး လဒမှိုင်ကြီးမှိုင်ကာ အချစ်နာကျပြီး ရူးခါနေတဲ့ သူငယ်ချင်းဖြစ်သူကို ဟက်ဟက်ပက်ပက်ရယ်ပြီး လှောင်လိုက်ချင်ပါသည်။ သို့ပေမယ့် ဒီလိုအဖြစ်မျိုးကို ကျွန်တော်လဲ ခံစားခဲ့ဖူးတာကြောင့် သုတကို နားလည်ပါသည်။

နားမလည်နိုင်တာက ဘယ်လိုအခြေနေမျိုးမှာဖြစ်ဖြစ် အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ တစ်သီးတစ်သန့်ခွဲခြားတတ်တဲ့သူက ဂျူတီချိန်မှာ စိတ်လွတ်နေခြင်းပင်...။ သူစိတ်အဆင်မပြေလို့ သူ့အစားဂျူတီဝင်ပေးရမယ်။ အိုခေ... အဲ့ထိရတယ်။ နားလည်း နားလည်ပေးနိုင်တယ်။ ခုဟာက ဂျူတီလဲ ပုံမှန်ဝင်ပြီး သူများကိုသက်သက် ဒုက္ခပေးနေတာ။

အသိစိတ်လွတ်ပြီး အိပ်ရင်းလမ်းထလျှောက်တဲ့လူလို ဆေးရုံအနှံ့ပြဲပြဲစင်အောင်ပတ်သွားနေတာတွေ... ထား... ။ ဘာမှမပြောလိုဘူး။ လူနာတွေအတွက်ဆို အတိမ်းစောင်းမခံတဲ့သူက ဆီးချိုသမားကို ချိုချဥ်တွေ ကျွေးလိုကျွေး နှလုံးသမားကို ကျောက်ကပ်ဆေးတွေ လွဲပေးလိုပေး၊ ရိုးရိုဖျားပြီး မောနေတဲ့လူနာကိုလဲ နှလုံးအထူးကုဆီ လွှတ်လိုလွှတ်နဲ့ ဘေးက nurse သာ မသိရင် ဒီကောင်ထောင်ထဲရောက်တော့မှာ။ စိတ်လွတ်နေတာ ဘယ်သူမှမကယ်နိုင်...။

အဲ့လောက်ဖြစ်ပျက်နေရအောင် အဆောင်နဲ့များ ပြဿနာများဖြစ်သွားလို့လားဆိုတော့ မဟုတ်။ အဆင်ပြေလို့တောင် ချစ်သူရည်းစားအထိဖြစ်သွားသေးတာ...။ ဒါကို ဒင်းက သက်သက်လွမ်းနာကျနေတာ။ တစ်လောကလုံး သူတစ်ယောက်ပဲရည်းစားထားဖူးတဲ့အတိုင်း...။

"မင်းဟာလေးကို အ့လောက်လွမ်းနေလဲ လိုက်သွားပါလား ဆေးရုံလာပြီးတော့ သက်သက်ဒုက္ခမပေးချင်စမ်းပါနဲ့ကွာ..."

ဝီစကီတစ်ခွက်ကို ဟန်ပါပါသောက်ရင်း ပြောချလာတဲ့ မင်းရဲရင့်ကို မျက်စောင်းထိုးလိုက်ပြီး ငြိမ်နေရှာသည်။

ရဲရင့်ပြောရင်လဲ ပြောလောက်စရာ...။ ရှေ့ဆက်ဒီပုံအတိုင်းဆို ဆေးရုံမှာရှိသမျှ လူနာတွေအကုန် လျှောကုန်ပေလိမ့်မည်။

"​လွမ်းဖျား လွမ်းနာဆိုတာ လူတိုင်းမှာရှိတယ် မင်းကတော့ ပိုကိုပိုလွန်းတယ်"

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now