Ep 7

15.5K 957 36
                                    

ဦးထည် က နိုးတစ်ဝက်အိပ်မက်ထဲတွင် ခက်ထန် ကို စကားထပြောလိုက်လေသလား .....။

' အရမ်း နာတယ် ' တဲ့.... ။ ဘယ်နားက နာတာလဲဟု မေးစရာ မလိုအောင် ဦးထည်၏ လက်တစ်ဖက်က ဗိုက်ပေါ်တွင် တင်းကျပ်စွာ ဖုံးဖိထားခဲ့၏ ။ ခက်ထန် ဘာလုပ်သင့်သလဲ ။

ဦးထည် က ဗိုက်နာတာကို ပြောချင်တာလား ။ ဦးထည် အိပ်နေတုန်း ဒီ ဗိုက်ကို လှန်ကြည့်လိုက်သင့်သလား ။

" ဦးထည်!  ထည်ဝါလင်းရှိန်...  ဟေ့... "

ခက်ထန်၏ အသံဩဩကြီးက ဦးထည်ကို အိပ်မက်ကမ္ဘာထဲက ဆွဲထုတ်နိုင်ခြင်း မရှိပေ ။
ဒါပေမဲ့လည်း ဦးထည်က သိပ်ကို မျက်ရည်တွေနဲ့လိုက်ဖက်လွန်းတာ ကိုတော့ သူ မျက်မြင် တွေ့ခွင့်ရခဲ့ပြီ ။

မင်း မျက်လုံးထဲ ပုံဖော်ကြည့်စမ်း!  ဒီလောက်လှတဲ့ ကိုးလ်သာ sex slave လေးဖြစ်လာခဲ့ရင် ဘယ်လောက်တောင် ရင်ခုန်ဖို့ကောင်းလိုက်မလဲ...

သူ့နားထဲ တိုးဝင်လာပြန်သည့် ထိုစကား... ။ ဦးထည်ကို စိုက်ကြည့်နေသော ခက်ထန် မျက်လုံးများက အရောင်ပြောင်းလဲလာခဲ့သည် ။ လေးကိုင်းပုံနှုတ်ခမ်းသားလေးက ခက်ထန် စိတ်ကို လောင်မြိုက်စေခဲ့၏ ။ ထို့ထက်ပို၍ ကြယ်သီးတစ်လုံးလွတ်နေသော ည၀တ်အင်္ကျီနီညိုရောင်အောက်မှ ရင်ဘတ်သားဖွေးဖွေးလေးက ခက်ထန် မျက်လုံးဝိုင်းကြီးများကို နီရဲလာစေခဲ့သလို ပုံမှန်စီးဆင်းလျက်ရှိသော နှလုံးသွေးများကို ပြောင်းပြန်စီးဆင်းစေခဲ့သည် ။

နိမ့်ချည်မြင့်ချည် မောဟိုက်လာသော ရင်အစုံသည် ခက်ထန် ၏ ရင်အုပ်ကျယ်တစ်ခုသာ ဖြစ်ခဲ့သည်။ အသက်ရှုမှန်မှန်ဖြင့် အေးချမ်းစွာ အိပ်ပျော်နေသော ဦးထည် ကတော့ ကျားရှေ့တွင် သတိလက်လွတ်စိတ်ချလက်ချ အိပ်မောကျနေသော ယုန်ဖြူကြီးနှင့် တူလှ၏ ။ ခက်ထန် လက်ချောင်းသွယ်သွယ်တို့က တဖြည်းဖြည်းရွေ့လျားလာပြီးနောက် ဦးထည်၏ ဒုတိယမြောက် ကြယ်သီးလေးအား ဖြည်းညင်းစွာ တိတ်တဆိတ် ဖြုတ်၏ ။ ခက်ထန်၏ အကြောပြိုင်းပြိုင်းထနေသော လက်တစ်ဖက်သည် ဦးထည် ရင်ဘတ်ပေါ်တွင် နေရာယူလျက်ရှိသည်။

ခက်ထန်သည် ဖြည်းညင်းညင်သာမှုတို့ကို သိပ်အသားမကျသည့်ပုံဖြင့် ကျန်ရှိနေသော မပြုတ်သေးသည့် ကြယ်သီးများအား ကြမ်းတမ်းစွာ ဆွဲဖြဲ ပစ်လိုက်သည် ။ ဖြန်းခနဲ အသံတစ်ခုနှင့်အတူ ကြမ်းပြင်ပေါ်သို့ လိမ့်ကျနေသော ကြယ်သီးလုံးလေးများနှင့် စုတ်ပြဲသွားသော အင်္ကျီလေးကြောင့် ဦးထည်၏ အလှတရားက ခက်ထန်မျက်လုံးထဲ အရိုင်းဆန်စွာ တိုးဝှေ့လာတော့၏ ။ ဆီးစပ်တစ်နေရာမှ ကန့်လန့်ဖြတ် အမာရွတ်တစ်ခုပေါ်သို့ ခက်ထန် လက်ချောင်းလေးများဖြင့် မညင်သာစွာ တို့ထိလိုက်သည် ။

You are my husband (Season 1)Completed  Where stories live. Discover now