Part 64

2.4K 107 3
                                    

Uni

ကြီးမားသော ခြံကြီးရှေ့တွင် မိန်းကလေးတစ်ယောက်ရပ်နေလေသည်။
သူမဟာ တွေဝေမှုတွေကို လျစ်လျူရှုကာ သက်ပြင်းတစ်ချက် ချလေသည်။
ထို့နောက် ထိုအိမ်ကြီးထဲသို့ တစ်လှမ်းခြင်း.....

ခွန်းနဲ့ လုံးဝ မရင်းနှီးသော နေရာတစ်ခုသို့ ခွန်းရောက်နေပါသည်။
အထက်တန်းဆန်ပြီး သေသပ်လှပသော အဆောင်အယောင် အပြင်အဆင်တွေက ခွန်းရဲ့ အဆင့်အတန်းကို ကိုယ်တိုင် ပြန်၍ သတိချပ်မိစေသည်။

ထိုအရာတွေကိုလည်း လျစ်လျူရှုလျက် ထိုအိမ်ကြီး အတွင်းသို့......

ဧည့်ခန်းအတွင်း မိသားစု စုံလင်လှသည်။
သူကိုယ်တိုင်လည်း အကြောင်းအရင်းကိုမသိ။
သူ့ယောက်ျားက လူစုစေခြင်း
ပြောစရာတစ်ခု ရှိဟန်တူသည်။

ထိုအချိန် အိမ်ထဲသို့ ဝင်လာသော မိန်းကလေးက သူတို့တွေကို ငေးမောစေသည်။

ရိုးရှင်းလှပသော မြန်မာဝတ်စုံ အဖြူရောင် ရင်ဖုံးလေးကို ဝတ်ဆင်ထားသည်။
ရှည်လျားသော ဆံပင်တို့ကို လှပသော ဆံညှပ်တစ်ခုဖြင့် တစ်ဝက်ညှပ်ကာ အောက်သို့ ချထားသည်။
ဘာလက်ဝတ်တန်ဆာမှ ဝတ်မထားပဲ နားကပ်တစ်ရံနဲ့ လက်ပတ်နာရီ တစ်လုံးသာ ဝတ်ဆင်ထားသော မိန်းကလေးက ရှင်းလင်းလှပစွာ ကျက်သရေ ရှိလှသည်။

"ထိုင်ပါ သမီး"

ဦးမင်းခန့်ကတော့ ဖော်ရွှေစွာပင် မျက်နှာပူပူနဲ့ နှုတ်ဆက်ရသည်။
ကျန်လူများကတော့ အခြေအနေကို အလုံးစုံနားမလည်နိုင်သေး။

"ကျေးဇူးပါ ဦး"

ခွန်း အရှေ့သို့ ဝင်ထိုင်လိုက်ပါသည်။
တကယ်တော့ ဒီအခြေအနေဟာ ခွန်းအတွက် အဆင်မပြေလှပါ။
ရှက်သည် မျက်နှာပူသည် ကြောက်ရွံ့သည် နာကျည်းသည်။
ဒါပေမယ့် ရင်မဆိုင်၍လည်းမဖြစ်။

"ကျွန်မနာမည် ခွန်းသံသာချိုပါ

အခုလို အကြောင်းမကြားပဲ ရုတ်တရက်ကြီး ရောက်လာရတဲ့အတွက် ကျွန်မ တကယ် တောင်းပန်ပါတယ်

ကျွန်မ......."

စီလာသော စကားလုံးတွေကလည်း နှုတ်က ထွက်ရန် ခက်ခဲလှပါသည်တလား....

You had me at helloWhere stories live. Discover now