|64|

1.8K 358 2
                                    

[Unicode]

ကိုယ့်အမှတ်ကိုယ်ကြည့်ရတဲ့ စိတ်လှုပ်ရှားမှုတွေကို မတွေ့မြင်နိုင်ဘူး။

ဆိုဖာပေါ်ရှိလူတွေကတော့ မျှော်လင့်စောင့်စားနေတဲ့အကြည့်အပြည့်ဖြင့်။
ဘာမှပြောမလာပေမဲ့၊ မျက်လုံးတိုင်းဟာ တဖျတ်ဖျတ်တောက်ပလျက်။

"တက်ချင်တဲ့တက္ကသိုလ်ကို အမှတ်မှီတယ်"

ဟယ်ရှင်းချွမ်ရဲ့ထိုစကားအဆုံးမှာ၊ လူတိုင်းက သက်ပြင်းချမိသွားတယ်။

အထူးသဖြင့် ဟယ်ရှင်းလျန်။
ရန်သူကိုရင်ဆိုင်နေရသည့်အလား၊ ကျောပြင်တစ်ခုလုံးဟာ ချွေးတွေရွှဲနစ်လို့။

ဟယ်ရှင်းချွမ်ရဲ့အမှတ်တွေကို နားထောင်ပြီးနောက်မှာ၊ဖက်တီးနဲ့ရှီချင်းချင်းက ဟယ်ရှင်းလျန်ကို အပြင်ခေါ်ထုတ်ပေးသွားတယ်။
လူငယ်စုံတွဲလေးကို သီးသန့်အချိန်ပေးရမယ်လေ။

ဟယ်ရှင်းချွမ်က မနက်စာစားရင်း အားသွင်းကြိုးလိုက်ရှာနေမိတယ်၊ အားဝင်ချိန်မှာပဲ ဆရာတုန်ရဲ့ဖုန်းတန်းဝင်လာတယ်။

"ဟယ်ရှင်းချွမ်! အမှတ်တွေကြည့်ပြီးပြီမလား? တော်တော်လေးများတာပဲ!"

"ဟုတ်ကဲ့၊ အင်္ဂလိပ်စာမှာတော့ နည်းသွားတယ်"

"သွားချင်တဲ့တက္ကသိုလ်ရှိနေပြီလား? နေ့လည်ကျရင် ကျောင်းကိုလာခဲ့လေ၊ ဆရာဆွေးနွေးပေးပါ့မယ်!"

"ရပါတယ်၊ ကျွန်တော်ရွေးပြီးသွားပြီ"
ဟယ်ရှင်းချွမ်က နွားနို့ခွက်ကို လက်စသတ်လိုက်ပြီး
"ဆရာတုန်ရဲ့ဂရုစိုက်ပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်"

ဖြူလေးဖုန်းပြောလို့ဆုံးအောင် ယန်ထန်စောင့်နေလိုက်တယ်။
ပြီးတာနဲ့ပဲ၊ ဆိုဖာပေါ်ဖိကပ်ထားကာ ဆံပင်တွေကို ငှက်သိုက်နီးပါးဖြစ်သွားအောင် ထိုးဖွနေတယ်။

"ဘာဆုလိုချင်လဲ? ကောဝယ်ပေးမယ်"

အခုလေးတင်ပဲ အစာစားပြီးတာဖြစ်သောကြောင့်၊ လှဲနေဖို့က ဟယ်ရှင်းချွမ်အတွက်အဆင်မပြေလှဘူး။ ထထိုင်လိုက်ပြီး၊ ယန်ထန့်ပုခုံးပေါ်မှီလာကာ
"ဘာမှမလိုချင်ဘူး"

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now