Chapter(307) - လက်ထဲကဓားနဲ့ တောင်ကိုစိန်ခေါ်ခြင်း

2.9K 702 36
                                    

Unicode

အခန်း(၃၀၇) - လက်ထဲကဓားနဲ့ တောင်ကိုစိန်ခေါ်ခြင်း

ဂိုဏ်းချုပ်ဖြစ်သူက အတော်လေး ကူကယ်ရာမဲ့စွာဖြင့် ခေါင်းစဉ်ကို ပြောင်းလဲလိုက်သည်။

"မဟာအကြီးအကဲလန်ယွဲ့, ဒီနှစ်မှာ ဒီတပည့်တွေထဲက ဘယ်နှစ်ယောက်လောက်များ မျက်စိထဲ ဝင်လဲဗျ?"

မဟာအကြီးအကဲလန်ယွဲ့က မျက်လွှာတစ်ချက် ပင့်လိုက်သည်။

"ဘယ်တစ်ယောက်မှ ကျုပ်မျက်လုံးထဲ မဝင်ဘူး"

ထိုစကားလုံးများက တကယ့်ကို မာနာထောင်လွှားလွန်းပေသည်။

တာအိုအရှင် ရီသောက်က ပြုံးသည်။

"မင်းရဲ့ ခွေးမျက်လုံးကိုဖွင့်ပြီး သေချာကြည့်လိုက်ဦး, သူတို့ထဲက နှစ်ယောက်က သီးသန့်မိသားစုကနေ အပြင်ဘက်ကို လေ့ကျင့်ရေးဆင်းတဲ့ သူတွေ, အခုချိန်မှာ သူတို့က ဆယ့်ခြောက်နှစ်ပဲ ရှိသေးတာတောင် ခက်ခဲတဲ့ ခန္တာအဆင့် ကျင့်ကြံသူတွေဖြစ်နေပြီ, ဒီနှစ်ယောက်တောင် မင်းရဲ့ မျက်လုံးထဲ မဝင်ဘူးလို့တော့ မပြောနဲ့နော်?"

"ဘာလို့ကျုပ်က သူတို့ကို မြင့်မြင့်မှန်းထားရမှာလဲ?"

မဟာအကြီးအကဲ လန်ယွဲ့က မျက်နှာသေဖြင့်သာမေးလာသည်။

"ကျုပ်ရဲ့ တပည့်ငယ်လေးက ဆယ်ကျော်သက်အရွယ်မှာတင် ခက်ခဲတဲ့ ခန္တာအဆင့် ကျင့်ကြံသူဖြစ်ပြီးနေပြီလေ, အဲ့ဒီသီးသန့်မိသားစုက တပည့်တွေက သူနဲ့ဘာများ နှိုင်းယှဉ်လို့ရလို့လဲ? တစ်ခြားသူတွေ မသိဘူးဆိုတာက အဆင်ပြေပေမယ့် သူ့ဆရာအဖြစ် ဆယ်နှစ်ကျော် ဖြစ်လာခဲ့တဲ့ မင်းတောင် မသိဘူးဆိုရင် မင်းရဲ့ ခွေးမျက်လုံးက မင်းအတွက်တော့ တကယ့်ကို အလဟသ ဖြစ်သွားတာပဲ"

တာအိုအရှင် ရီသောက်, "...."

သေစမ်း, ဒီလူက ဘယ်လိုအခြေအနေပဲ ဖြစ်နေပါစေ ဆုံးရှုံးမှုကို ဘယ်တော့မှ ခံစားရမှာ မဟုတ်ဘူးဆိုတာကို သူသိခဲ့ရမှာ

တာအိုအရှင် ရီသောက်မှာ ရုတ်တရက် ပြောစရာစကား ပျောက်ရှ သွားတော့လေသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now