Chapter (74)

16.2K 2.7K 78
                                    

[TN:ပြီးဆုံးရန် ၁၄ ပိုင်းသာကျန်ပါတော့သည်]

နံနက်စာစားပြီးချိန်မှာ မုန့်ရန်က Kai နဲ့ အတူ ဧည့်ခန်းထဲမှာ ရုပ်ရှင်ကြည့်နေခဲ့တယ်။ရုပ်ရှင်က Realx ဖြစ်စေမယ့် ဇာတ်လမ်းမျိုးဖြစ်ပေမယ့် လော်ရှို့တို့သားအဖကို လွမ်းနေတဲ့ အပြင် မနေ့ညကပါ အိပ်ရေးပျက်ထားကြောင့် မုန့်ရန်က Kai ကို စကားတစ်ခွန်းမှ မပြောဘဲ ငြိမ်နေခဲ့တယ်။

Kai က မုန့်ရန်ကို ခဏခဏလှည့်ကြည့်နေတယ်။မုန့်ရန်မှာ သူ့ကို​ပြောစရာတစ်ခုခုရှိနေတယ်ဆိုတာ Kai လဲ သိနေတယ်။ဒါပေမယ့် မုန့်ရန်ဘက်က စကားတစ်ခွန်းမှမဟသေးတာကြောင့် Kai ကလဲ မမေးရဲဘူးဖြစ်နေတယ်။ဒီလိုနဲ့ နေ့လည်ပိုင်းရောက်တဲ့အထိ နှစ်ယောက်သားစကားတစ်ခွန်းမှ မပြောရသေးဘူး....

"ခင်ဗျားကို ကြည့်ရတာ နုံးချိနေသလိုပဲ။မနေ့ညက ကောင်းကောင်း မနားခဲ့ရလို့လား?"

မုန့်ရန်ဘက်က တစ်ခွန်းမှမဟသေးပေမယ့် အခုလိုကြီး ထိုင်နေရတာ အရမ်းနေရခက်တာကြောင့် တိတ်ဆိတ်မှုကို Kai ဘက်က အရင်ဖြိုခွင်းလိုက်တယ်။

"ငါ့ယောက်ကျားနဲ့ ငါ့သားကို လွမ်းလို့ အိပ်မပျော်ဘူး"

မုန့်ရန်ပြုံးပြလိုက်တယ်။

"တောင်းပန်ပါတယ်...ငါ့အတွက်ကြောင့်နဲ့...."

စိတ်မကောင်းဖြစ်နေတဲ့Kaiက ခေါင်းကို ငုံ့ထားလိုက်တယ်။

"ဘာလို့လဲ မင်းကိုယ်မင်း လွယ်လွယ်အပြစ်တင်နေတာလဲ??"

"......"

"မင်းရဲ့အခြေနေကို ငါနားလည်တယ်နေပြီ။ငါလဲမင်းလို ဖြစ်ခဲ့ဖူးတယ်။အတွင်းစိတ်ထဲက အကြောက်တရားကြောင့် အိမ်မက်ဆိုးတွေမက်လို့ ကောင်းကောင်းမအိပ်ခဲ့ရဘူး။ငါ့ယောက်ကျားက ငါ့ဘေးနားမှာ မရှိဘူးဆိုတဲ့ စိတ်ကြောင့် ညတုန်းကဆို ဘယ်လိုမှ အိပ်လို့မပျော်ဘူး"

"ခင်ဗျားက အရမ်းတော်တဲ့ စိတ်ရောဂါဆရာဝန်မဟုတ်ဘူးလား???စိတ်ရောဂါဆရာဝန်တွေမှာလဲ စိတ်ရောဂါဖြစ်တတ်သေးတာပဲလား??"

Kai က သံသယဖြစ်နေပုံနဲ့ မေးလိုက်တယ်။

"ဟမ်???ငါက စိတ်ရောဂါကုတဲ့ဆရာဝန်လို့ မင်းကို ဘယ်သူပြောတာလဲ??"

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now