Chapter - 65

6.7K 1.4K 214
                                    

‘‘... pheromone ဟုတ်လား?”

‘‘ချဲယ်ကော ဒီနေ့မှ ဘာလို့အထူးတဆန်းတွေလုပ်နေတာလဲ...”
ဟန်မုန့်က ကြောင်စီစီနဲ့ :
‘‘သူ့ pheromoneတွေက တအားကိုသိသာတာဗျ၊ မူးနေလို့မထိန်းနိုင်တာပဲဖြစ်မှာပါ၊ ချဲယ်ကော နည်းနည်းမှ မခံစားမိတာလား?”

ပခုံးထက်မှာမှီနေတဲ့လူကို ရင်းချဲယ် ကြောင်ငေးစွာစိုက်ကြည့်နေမိတယ်။ တအောင့်လောက်ကြာပြီးနောက် သူ့လက်ကအားတွေကုန်သွားပြီး ကိုင်ထားတဲ့ပန်းစည်းလေးဟာ ခြေရင်းဆီပြုတ်ကျသွားပြီး ပွင့်ဖတ်လေးတွေဟာဖွာခနဲ။

‘‘ဒီနေ့က အားလုံးက ငါတို့အတန်းထဲကလူတွေချည်း၊ ပြီးတော့ single omegaလည်းသိပ်မပါ‌လို့... အဲ့လိုသာ လက်လွတ်စပယ်လျှောက်ထုတ်နေမယ်ဆို omegaတွေသာရှိနေရင် ဘယ်လိုလုပ်ကြမလဲ”
ဟန်မုန့်က စိတ်ရင်းအမှန်နဲ့ ပြောတယ်။
‘‘ချဲယ်ကော, သူ့ pheromoneကို မင်းကတော့ ကျင့်သားရရင်ရနေလိမ့်မယ်၊ ဒါမယ့် အတန်းမော်နီတာလိုလူမျိုးကျ...” 

ရင်းချဲယ် အသက်ပြင်းပြင်းရှိုက်သွင်းလိုက်တယ်၊ ဒါမယ့် သူဘာအနံ့မှမရပေ။

‘‘ဦး‌လေးဗျ”

ဒရိုက်ဘာက နောက်ကြည့်မှန်ကတစ်ဆင့် သူ့ကိုလှမ်းကြည့်တယ်။
‘‘ဟင်?”

‘‘ဦးလေး pheromoneနံ့တစ်ခုခုများ ရမိလားဗျ?”

‘‘ရတာပေါ့၊ ဘေးကမင်းကောင်လေးဆီကမဟုတ်လား? အနံ့ကတော်တော်လေးပြင်းတယ်၊ လေနည်းနည်းရအောင် မှန်ပြတင်းဖွင့်သင့်တယ်”

‘‘...ဟုတ်ကဲ့”

ဟန်မုန့်ကတော့ မယုံကြည်နိုင်တဲ့အနေအထားရောက်သွားတယ်။
‘‘ချဲယ်ကော တကယ်မရတာလား?”

ရင်းချဲယ် အောက်ကပန်းတွေကိုပြန်ကောက်လိုက်တယ်။ ပွင့်ဖတ်ရဲ့အနီရောင်ရင့်ရင့်က သူ့မျက်လုံးကိုလာဟပ်တာကြောင့် မျက်၀န်းတွေကပါ ရဲတောက်နေသလိုလို။

‘‘အဲ့တာ နောက်မှပြောရအောင်၊ ငါခုဖုန်းချတော့မယ်”
သူဖုန်းတန်းချပစ်လိုက်တော့တယ်။

...

သူတို့ Dong Chengဆီကို နောက်ထပ်နာရီ၀က်လောက်သွားရတယ်၊ အဲ့အချိန်က သူ့အတွက် စိတ်တည်ငြိမ်ဖို့နဲ့ ခုလေးတင်နိုးလာတဲ့လူကို ရင်ဆိုင်ဖို့ရာပြင်ဆင်ဖို့ အချိန်လုံလောက်တယ်။

Pay Attention To Me [Myanmar Translation]Where stories live. Discover now