Arc.6.14
3.1K 511 16
" ရန်ယွီ!! မင်းရဲ့ အပြုအမှုက ဘာသဘောလဲ .. " သက်လတ်ပိုင်းလူကြီးတစ်ယောက်က စူးရှသည့် အကြည့်ဖြင့် စီရန်ယွီကို ကြည့်ကာ ပြောလိုက်သည် ။ လူကြီးတွင် အထက်စီးဆန်သည့် အော်ရာရှိကာ စီရန်ယွီ နဲ့ ရုပ်ရည် အတော်ဆင်တူလှသည် ။ ဒီလူသည် စီမိသားစု၏ခေါင်းဆောင် စီရန်ယွီ၏ ဖခင်  စီထူနန် ဖြစ်သည် ။
စီရန်ယွီ က မျက်နှာချင်းဆိုင်တွင် ထိုင်နေကာ သူ့ရဲ့ လက်ချောင်းများကို ကစားနေခဲ့သည် ။ သူက စီထူနန်၏ စကားများကို ဂရုမစိုက်သည်မှာ သိသာလှသည် ။
" ‌ကောင်းတယ်.. ကောင်းတယ်.. မင်းက အခု ကိုယ့်ဘာသာ ရပ်တည်နိုင်ပြီဆိုတော့ ပုန်ကန်ချင်နေပြီပေါ့ .. ဟုတ်လား .. " စီထူနန် က ခုံအား ခပ်ပြင်းပြင်း တစ်ချက်ရိုက်လိုက်ကာ ခက်ထန်စွာ ပြောလိုက်သည် ။
စီရန်ယွီက တိတ်နေသည် ။ နဘေးတွင် ကျုံကျုံလေး ထိုင်နေသည့် စုယန်ချုးက စုမိသားစုများထံမှ ထွက်လာကာ စီရန်ယွီ ထံသို့ လျှောက်လာခဲ့သည် ။
" ရန်ယွီ.. ကျွန်တော်တို့က တကယ်မဖြစ်နိုင်ဘူးလား .. " ငြိုးငယ်စွာ မေးလာသည့် အသံလေးက လူတို့၏ နားစည်အား နေမထိထိုင်မသာ ဖြစ်စေသည် ။
စီထူနန်က ရုတ်တရက်ကြီး အ အတစ်ယောက်လို ဖြစ်သွားသည့် သားဖြစ်သူအား မကျေမနပ်ဖြစ်လာလေသည် ။ သူက စုယန်ချုးအား ကြည့်ကာ စုမိသားစုများကို တဖန်ပြန်လှည့်ကြည့်လိုက်သည် ။ စုမိသားစုဝင်များက ဒေါသထွက်နေသည့် မျက်နှာထားဖြင့် ရှိနေကြသည် ။ သူတို့သခင်လေးက သူများအိမ်မှာ ဒုက္ခ ခံနေရသည်မလား .. ဒီနေ့ စီမိသားစုက သင့်တော်တဲ့ ဖြေရှင်းချက် မပေးလျှင် ဒီကိစ္စက ဆုံးခန်းတိုင်မည်မဟုတ်ပေ ..
" လက်ထပ်ပွဲ သဘောတူညီချက်အတွက် .. တခြားတစ်ယောက် ရွေးလိုက်တာ ပိုသင့်တော်ပါလိမ့်မယ် .. " စီရန်ယွီ က စီထူနန်ကို ဦးတည်ကာ ပြောလိုက်သည် ။ သူက မျက်လွှာအသာပင့်လိုက်ကာ " ယုရီနဲ့ သခင်လေးစုက ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေတဲ့အတွက် သူတို့က အရမ်းလိုက်ဖက်တဲ့ စုံတွဲ လေ.. " သူက သက်တောင့်သက်သာဖြစ်စွာပင် ခြေနှစ်ချောင်းကို ချိတ်လိုက်သည် ။