Cha-34

7.1K 1.5K 107
                                    

[Unicode]

​ဖျော်​ဖြေ​ရေးအသိုင်းအဝိုင်းထဲတွင် အနုပညာကြယ်ပွင့်တချို့တ​လေ​​​လောက်သာ ယခုကဲ့သို့တယောက်ကိုတ​ယောက်​​ပေါ်​ပေါ်ထင်ထင်တိုက်ခိုက်​ကြ​လေမည်။

နှစ်ဖက်စလုံးတ​ယောက်ကိုတ​​ယောက် အတိုင်းအတာတခုအထိ အပြန်အလှန်မုန်းတီး​စက်ဆုပ်နေ​တောင်မှ အနည်းဆုံး​တော့ လူထု​မြင်ကွင်းရှေ့တွင် ညီအစ်ကို,ညီအမရင်းချာသဖွယ် ချစ်ချစ်ခင်ခင်ပုံရိပ်ကိုသာချပြကြမည်ဖြစ်၏။

သို့ရာတွင် ရှန်ယီရဲ့ကိစ္စက​တော့ ဒီ​လောကဝယ် စံနမူနာတခုအဖြစ်ရပ်တည်သွား၏။

သူ့လုပ်​ဆောင်မှုသည် လူအ​တော်များများကို သူ့အွန်လိုင်းစာမျက်နှာ​ပေါ်တွင် မှတ်ချက်များပြုလာစေရန်ဆွဲ​​ဆောင်နိုင်ခဲ့ပြီး သူ့ Weibo follower အ​ရေအတွက်အား ၂သန်းအထိညတွင်းချင်းတိုးပွားလာ​စေ၏။

ရှန်ယီမှာအောင်မြင်မှု​တွင်ယစ်မူးနေပြီး ရွှီနင်​ပြောသမျှပိုလို့​တောင်နာနာခံခံရှိနေ​တော့သည်။

​ကျောက်ချင်းယွမ်မှာ ဒီဒရာမာဇာတ်လမ်းကို ရုပ်ရှင်ရိုက်ကူး​နေရာက​နေ အမှတ်မထင်​တွေ့လိုက်ရ၏။​သူ့နှာ​​ခေါင်း​​တောင် အမျက်​​​ဒေါသကြောင့်ပုံဆိုးပန်းဆိုးဖြစ်လုနီးပါးတွန့်လိမ်လာရ၏။

သို့ရာတွင် သူဆိုသည်မှာက မျက်နှာပျက်အရှက်ရခြင်းအားအမှုမထားအညံ့မခံတက်ပဲ သူ့​ဒေါသအားထင်သလိုဖွင့်ထုတ်ချတတ်သူတ​ယောက်ဖြစ်​တာမို့ သူ့​အေးဂျင့်ဆီကပုန်းကွယ်လိုက်ရင်း ရှန်ယီနှင့် weibo ​ပေါ်တွင် ထိပ်တိုက်​တွေ့​တော့သည်။

​ကျောက်ချင်းယွမ်: ရှန်ယီ, ကိုယ်ပါ့ကိုယ်လေးစားအားနာစိတ်​လေးရှိပါဦးသားကြီးရ! ချင့်ဟွမ်ကိုအပုတ်ချရင်းအမြင့်တ​နေရာတက်လှမ်းချင်တယ်​ပေါ့? အိပ်မက်မက်​နေလိုက်!

ထိုပိုစ့်တင်ပြီး​သော် ထိုအရာက ကနဦး​တည်းက ရှုပ်​​​ထွေးပွေ​လီနေပြီးသားအ​ခြေအ​နေကိုပိုမိုရှုပ်ထွေးသွား​စေ၏။

[ဖာ့ခ်! ​တာ့ယွမ်က ဘာလို့ဒီပွဲကိုဝင်ပါလာရတာလဲ? သူ့နဲ့ယွီချင့်ဟွမ်ကြားက ​ကောလဟလ​တွေက မမှားနိုင်ဘူးလို့ ငါရုတ်တရက်ကြီးခံစားမိလာပြီ...]

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now