Part 65

2.6K 100 6
                                    

Uni

ခက်ခဲမှုတွေ ရင်ဆိုင်ပြီး တိုက်ခိုက်မှုအပြီးတွင်တော့ K group ၏ တစ်ဦးတည်းသော ဥက္ကဌဟာ ဦးခန့်ညားထည်ဝါသာ ​ဖြစ်ခဲ့ပါတယ်။

တစ်ဖက်က လူတွေကတော့ မကျေချမ်း။
မကျေနပ်လည်း မတတ်နိုင်ပေ။
လိုတာထက်ပိုပြီး လောဘတတ်နေတဲ့သူတွေပင်။

"အခုဆိုရင် K group ရဲ့ ပိုင်ရှင်အစစ်အမှန်က ဘယ်သူလဲဆိုတာ လူကြီးမင်းတို့ သဲသဲကွဲကွဲ သိလောက်ပြီနဲ့တူပါတယ်"

"ဟုတ်တာပေါ့ဗျာ
K group ရဲ့ ဥက္ကဌက ဦးခန့်ညားထည်ဝါပါပဲ

ဒါပေမယ့် သူက အခုလို နေမကောင်းဖြစ်နေတဲ့အချိန်မှာ သူ့နေရာကို လစ်လပ်ထားဖို့ကတော့ မဖြစ်သင့်ဘူးမလား"

"မှန်တာပေါ့"

"ဟုတ်တယ်"

"ကျွန်တော်တို့အနေနဲ့ ဒီ company ကို ​အုပ်ချုပ်ဖို့ ယာယီဥက္ကဌ တစ်ယောက်တော့ ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်"

"ကျွန်တော်တို့လည်း အဲ့လိုပဲ ထင်ပါတယ်
ဒီ company ဒီ လုပ်ငန်းတွေနဲ့ မစိမ်းတဲ့ အရည်အချင်းပြည့်ဝတဲ့သူ တစ်ယောက်တော့ လိုအပ်ပါတယ်"

လူတော်တော်များများက ထိုအစီအစဥ်ကို လက်ခံနေပြီ။
ကိုသုတကတော့ ခွန်းကို ငြိမ်ငြိမ်လေးသာနေရန် မျက်နှာရိပ် မျက်နှာကဲ ပြသည်။

ဒီ အစီအစဥ်ဟာ လုံးဝမဖြစ်ပါ။
အာဏာဆိုတာ တစ်ကြိမ်ရယူပြီးသွားရင် လက်လွတ်နိုင်မည်မဟုတ်။
တစ်ခါမှ မမြည်းစမ်းကြည့်ဖူးသူတစ်ယောက်က  အဲ့ဒီနေရာရဲ့ အရသာကို သိသွားရင်......

မဖြစ်နိုင်ပါ
ခွန်း ဒါကို လုံးဝခွင့်မပြုချင်......

"ကဲ တော်တော်များများကလည်း ဒီကိစ္စကို လက်ခံတယ်ဆိုတော့ ကျွန်တော်တို့ ဘယ်သူ့ကို ရွေးချယ်သင့်လဲဆိုတာ ဆုံးဖြတ်ရအောင်

ဒီ company မှာ ဒုတိယ ရှယ်ယာအများဆုံးကတော့ ဦးမင်းမဟာပါ
ဒီတော့...

"မခွန်းသံသာချိုကလည်း ဒုတိယ ရှယ်ယာ အများဆုံး ပုဂ္ဂိုလ်ပါပဲ

ကျွန်တော်က လူကြီးမင်းတို့ မေ့နေမှာစိုးလို့ပါ"

ကိုသုတက အသိပေးသည့် ပုံစံမျိုးနဲ့သာ ပြောပြီး မူလအတိုင်း တည်ငြိမ်စွာ ပြန်ထိုင်နေသည်။

You had me at helloWhere stories live. Discover now