Chapter(308) - တစ်သီးတစ်သန့်မိသားစုများ

2.7K 685 43
                                    

Unicode

အခန်း(၃၀၈) - တစ်သီးတစ်သန့်မိသားစုများ

"ငါလည်း မသိဘူးလေ" ကျန်းယွင်ရှီက ဒီအတိုင်း ခေါင်းကိုသာခါယမ်းပြ၍ စကားထပ်မပြောတော့ပေ။

လျှိုကျောက်ယွဲ့သည် ကျန်းယွင်ရှီက သူ့ကို အချက်အလက်များအား တမင်သက်သက် ဖုန်းကွယ်ထားတယ်လို့ တွေးမိတာကြောင့် နှုတ်ခမ်းဆူကာ မျက်လုံးလှန်ရင်း မထီမဲ့မြင်ဟန် ပြန်ပြောသည်။

"နေလေ, မပြောနဲ့ပေါ့, ဘယ်သူက ဂရုစိုက်မှာလဲ?"

ကျန်းယွင်ရှီက သည်းခံနေသည်။ မူလကတော့ သူတကယ် မသိတာဟု ပြောချင်ပေမယ့် လျှိုကျောက်ယွဲ့က မြင့်မြတ်တဲ့ လူတစ်ယောက်ရဲ့ စရိုက်ကို တိုင်းတာဖို့ သေးငယ်တဲ့ နှလုံးသားကို အသုံးပြုနေတယ်ဆိုတဲ့ပုံစံ စွပ်စွဲနေတာကြောင့် ကျန်းယွင်ရှီရဲ့ ရှင်းပြချက်က ဘယ်လိုပဲဖြစ်နေပါစေ မလိုအပ်တော့ဘူးဟု ထင်ရသည်။

ဒါ့အပြင်သူနဲ့ လျှိုကျောက်ယွဲ့ရဲ့ ဆက်ဆံရေးကို ကြည့်ခြင်းအားဖြင့်လည်း ရှင်းပြစရာ မလိုအပ်ဘူးလေ။ ထပ်ပြောနေလည်း အသုံးမဝင်ဘူး။

နှစ်ယောက်သားက ကလေးဘဝကတည်းက အဆက်အဆံ ရှိကြပြီး မကြာခဏ အတူတကွ နှိုင်းယှဉ်ခံရသော်လည်း တကယ်တမ်းမှာ သူတို့တွင် ကောင်းမွန်တဲ့ ဆက်ဆံရေး မရှိကြပဲ အချိန်အများစုက တစ်ယောက်နဲ့တစ်ယောက် ရန်လိုနေကြတာဖြစ်သည်။ ဒါကြောင့် အခုချိန်မှာတော့ သူတို့ အချင်းချင်းလည်း ပြောစရာစကား မရှိတော့ဘူး။

ခဏတာလောက်ထိတော့ လေထုအခြေအနေက တိတ်ဆိတ်နေပုံပေါ်သည်။

သိပ်မကြာခင်မှာပဲ တံခါးစောင့်တဲ့ စိနီယာအကိုက ပြန်ရောက်လာသည်။ သူကအရင်ဆုံး လျှိုကျောက်ယွဲ့အား  ခြောက်ကပ်ကပ် ကြည့်လိုက်ပြီး တစ်ဖက်လူက သူထွက်သွားတုန်း ခဏမှာ အရှုပ်တွေ မလုပ်ထားဘူးဆိုတာအား အတည်ပြုလိုက်သည်။

ထို့နောက်မှာတော့ ကျန်းယွင်ရှီအား လေးလေးစားစားပြောလိုက်၏။

"ဂျူနီယာညီလေးကျန်း, အသျှင်ကိုယ်တော်မြတ်က တောင်ပေါ်ကို တက်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now