Part-89(ဒူးထောက်လိုက်သော အစ်ကိုကြီး)

14.7K 1.8K 142
                                    

(Zawgyi)🍀🍀🍀🍀


Part-89
(ကိုယ်..ချစ်သော clover..!!..)

"ဝမ်ဟိုင်.. မင်းကိုလာရှာတဲ့သူရှိတယ်"

အတန်းထဲမှကောင်လေးတစ်ယောက်၏စကား
ကြောင့် ဝမ်ဟိုင်မျက်ခုံးတစ်ချက်ပင့်သွားရသည်။
လာပြောပေးသောအတန်းဖော်ကိုကျေးဇူးတင်
ကြောင်းပြောလိုက်ပြီး ဖတ်လက်စစာအုပ်ကိုချကာ
အခန်းပြင်သို့ထွက်လာလိုက်သည်။

ဝမ်ဟိုင် တွေ့လိုက်ရသည်က ကျောင်းအုပ်ကြီးနှင့်
စကားပြောနေသော ဝမ်ဟိုင်သဘောကျရပါသော
ထိုသူ။ ရုံးမှတန်းလာခဲ့ပုံပေါ်ကာ ကိုယ်နှင့်တိုင်းချုပ်
ထားသော ဘောင်းဘီက ရှည်လျားသောခြေတံများ
နှင့် ကျစ်လစ်သောခန္ဓာကိုယ်ကောက်ကြောင်းကို
ပေါ်လွင်စေသည်။

ထိုသူက ကျောင်းအုပ်ကြီးနှင့် စကားပြောနေရင်း
တစ်ချက်တစ်ချက်သွားညီညီများပေါ်အောင်ပြုံးရီ
နေ၏။ ဝမ်ဟိုင် စိတ်အလိုမကျဖြစ်သွားရ၏။
နှုတ်ခမ်းများကိုတင်းတင်းစေ့ထားလိုက်သည်။

ဝမ်ဟိုင်..သူ၏ထက်ရှနေသော အကြည့်များကို
ဖုံးကွယ်ရန် သူတစ်လျောက်လုံးအသုံးပြုခဲ့ပါ
သောမျက်မှန်ကို လက်ချောင်းရှည်များဖြင့်အနည်း
ငယ် ပင့်တင်လိုက်သည်။

"ဝမ်ဟိုင်.."

လင်းနေက သူ့ကိုတွေ့တော့ပြုံးကာသူ့နာမည်အား
ခေါ်လာသည်။ ဝမ်ဟိုင် ခေါင်းကိုငုံ့လိုက်ကာ လင်းနေ
အနားသို့လျှောက်သွားလိုက်သည်။ ကျောင်းအုပ်ကြီး
က ဝမ်ဟိုင်ကိုပြုံးရွှင်စွာကြည့်ရင်း လင်းနေကိုသူတို့
ကျောင်းကို အလှူငွေထည့်ခြင်းအတွက် ကျေးဇူး
တင်ကြောင်းပြောသည်။

"ကိစ္စမရှိပါဘူးဗျာ ကျွန်တော်တို့အိမ်က ဒီကလေး
အတွက် မွေးနေ့မှာအမှတ်တရလေးလုပ်ပေးချင်
ယုံပါ.."

ထိုစကားကို လင်းနေက ဝမ်ဟိုင်ကိုပြုံးကာကြည့်
ရင်းပြောလိုက်ခြင်းဖြစ်သည်။ လင်းနေ၏အပြုံးမှာ
ချိုသာကာစွဲမက်ဖွယ်ကောင်းလွန်းသောကြောင့်..
ဝမ်ဟိုင်နှလုံးသားတစ်စုံလုံးအရှိန်ပြင်းစွာ ကိုင်လှုပ်
ခံလိုက်ရသလိုခံစားလိုက်ရသည်။ ရူးနှမ်းသောသူ
ကတော့ လင်းနေကိုပိုကာ စွဲလမ်းသွားခဲ့ပြန်ပြီဖြစ်
သည်။

Clover your'e my clover[Completed]Where stories live. Discover now