Chapter - 66

6K 1.3K 65
                                    

ပုံမှန်အတိုင်းပဲ ရင်းချဲယ် တနင်္ဂနွေနေ့ညနေပိုင်း self-studyတန်းကို တက်တယ်။

ဘယ်လိုပဲဖြစ်ဖြစ်လေ အဲ့ကိစ္စကြောင့်ဆိုပြီး သူ ကျောင်းထွက်လိုက်လို့မှ မရပဲ။

လမ်းခွဲတုန်းကတော့ သူပဲ နှောင်ကြိုးတွေအားလုံးဖြတ်ပစ်လိုက်သလိုလို၊ သူတို့ဆက်ဆံရေးကပဲ အသက်မ၀င်တော့သလိုလို ယုံကြည်ချက်ရှိရှိပြောခဲ့တာလေ။ နောက်တစ်နေ့လည်းကျရော ကျောင်းမှာပြန်တွေ့ရဦးမယ်တဲ့။ ဒါက ကျောင်းတွင်းအချစ်ဇာတ်လမ်းတွေမှာ ကို့ရို့ကားယားအဖြစ်ဆုံးအပိုင်းပဲ။

ကံကောင်းစွာနဲ့ ကျန့်ယောင်က ရောက်မလာခဲ့တော့ အနေခက်ဖို့ရာ တစ်ရက်တော့နောက်ရွေ့သွားသေးတာပေါ့။

...

ထိုညမှာ ကျန်းခဲ့က group chatထဲမေးလာသေးတယ်။ [ယောင်ကောကောရေ အဆင်ပြေရဲ့လား? မနေ့ကအရက်မူးကခုထိမပြေ‌သေးတာလား?]

ကျန့်ယောင်က ပြန်ဖြေမလာ။ ခနကြာတော့ group chatက တခြားအကြောင်းတွေဆီရောက်သွားတယ်။

သူ့ကိုမျက်နှာချင်းမဆိုင်ရဲတာကြောင့်လား? အဲ့လိုဆို ကျောင်းကို ဘယ်တော့မှ ထပ်မလာဘဲနေတော့မယ်ပေါ့?

နောက်တစ်နေ့ မနက်ပိုင်း self-studyချိန်မှာ‌တော့ ကျန့်ယောင်ရောက်လာတယ်။

ငါ့ဘက်က ဖြစ်ချင်နေတဲ့ အတွေးသက်သက်ပဲထင်ပါရဲ့

‘‘မောနီး”

ကျန့်ယောင်က ဒီနေ့ ရှပ်လက်ရှည်အဖြူတစ်ထည်၀တ်ထားပြီး သပ်သပ်ရပ်ရပ် တည်တည်ကြည်ကြည်နဲ့။ သူက ကျန်းခဲ့ကို ပြုံးပြနှုတ်ဆက်ပြီး ခါတိုင်းလိုပဲ သူ့နေရာသူလာကာ လွယ်အိတ်ကိုချတယ်။

‘‘ယောင်ကော မနေ့ညကဘာလို့မလာတာလဲ? ငါမေးထားတာကိုလည်းပြန်မဖြေဘူး”
ကျန်းခဲ့က စိတ်ဒဏ်ရာရဟန်နဲ့။

‘‘မနေ့ညက ငါသိပ်‌နေလို့မကောင်းလို့ လောင်ရှစ်ကိုခွင့်တိုင်လိုက်တာ”
ကျန့်ယောင်က ထိုင်ချလိုက်ပြီး ဘေးကလူကိုသာမန်လိုနှုတ်ဆက်တယ်။
‘‘မောနီး”

ရင်းချဲယ်က စက္ကန့်၀က်လောက်ငြိမ်နေပြီးမှ ပြန်ဖြေတယ်။
‘‘မောနီး” 

Pay Attention To Me [Myanmar Translation]Where stories live. Discover now