အပိုင်း (၃၆) အကူအညီလေးတစ်ခုပြုလုပ်ခြင်း

1.2K 275 25
                                    

((Zawgyi))

အပိုင်း (၃၆)
အကူအညီလေးတစ်ခုပြုလုပ်ခြင်း

💊💊💊
လေတိုးသံများက ကုကျိုး၏ နားရွက်နားသို့ တိုးဝှေ့ ပွတ်တိုက်​နေကြသည်။ ကုကျိုးမှာ တိုးဝှေ့လာသောလေများကြောင့် သူ၏ဦးရေပြားများပင် ထုံထိုင်းသွားမတတ် ခံစားရသည်။ သူသည် သူ့အောက်ကမြေကြီးနှင့် လမ်းဘေးဝဲယာမှ သစ်ပင်များက အလွန်လျင်မြန်သည့်နှုန်းဖြင့် ဟိုအဝေးတွင် ဝိုးတဝါးပုံရိပ်များအဖြစ် ကျန်ရစ်ခဲ့ပုံကို အာရုံစိုက်ကြည့်ရှု​နေသည်။ -- သူ့ထောက်ပံ့သူ၏ အမြန်နှုန်းသည် မယုံနိုင်လောက်အောင် မြန်ဆန်မှန်းသိသာလှသည်။ တစ်မိနစ်တောင်မကြာသောအချိန်တွင် ထောက်ပံ့သူက ရပ်တန့်လိုက်၏။ ထို့နောက် သူက အပေါ်သို့ ခုန်တက်လိုက်ကာ သူတို့နှစ်ဦးစလုံးသည် သစ်ပင်တစ်ပင်ပေါ်သို့ ခြေချမိကြသည်။

ကုန်းရိထျန်းဟန်က ကုကျိုးကို သစ်ကိုင်းတစ်ကိုင်းပေါ် တင်ပေးလိုက်သည်။

ထို့နောက် ကုန်းရိထျန်းဟန်သည် သူ့နှုတ်ခမ်းများ​ပေါ်သို့ လက်တစ်ချောင်းဖိတင်ပြလျက် ကုကျိုးကို ဆိတ်ဆိတ်နေရန် လက်ဟန်ပြ အမိန့်ပေးလိုက်သည်။

ကုကျိုးက အခြေအနေအပေါ် အလိုအလျောက် တုန့်ပြန်လိုက်ကာ သူ၏ပါးစပ်ကို လက်ဖြင့် အ​မြန်အုပ်ပြီး ခေါင်းညိမ့်ပြလိုက်သည်။

ကုန်းရိထျန်းဟန်သည် သူ့အမူအရာကိုကြည့်ကာ အကြည့်များက နူးညံသိမ်မွေ့သွားရပြီး မပြုံးဘဲ မနေနိုင်တော့ပေ။

ကုကျိုးသည် ထောက်ပံ့သူ၏အပြုံးက သူ့​ကြောင့်ဆိုတာကို သိလိုက်သည်။ သို့သော် သူလည်း မတတ်နိုင်ပေ။ မတော်လို့များ သူ သားရိုင်းတစ်ကောင်နဲ့ ရင်ဆိုင်တွေ့တဲ့အခါမတော်တဆလန့် အော်မိသွားရင် ဘယ့်နှယ်လုပ်မလဲ? အဲ့တော့ ကိုယ့်ဟာကိုယ် အစောကြီကတည်းက ကြိုပိတ်ထားလိုက်တာ ကောင်းတယ်မဟုတ်လား။

ကုန်းရိထျန်းဟန်သည် ကုကျိုး၏ တွေးပုံတွေးနည်းများနှင့် အလွန်ရင်းနှီးနေပြီဖြစ်သည်။ သူက ကုကျိုးကို ဘာစကားမှမပြောဘဲ တစ်ချက်ကြည့်လိုက်ပြီးနောက် ခြေကိုဆောင့်လိုက်သည်။ ထိုအခါ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ဧရာမငှက်ကြီးတစ်ကောင်အလား လေထဲတွင် ငှက်မွှေးတစ်ခုသဖွယ် ပေါ့ပါးစွာ မြောက်တက်သွားကာ နောက်ထပ် သစ်ပင်ကြီးတစ်ခုပေါ်သို့ ကျရောက်သွားသည်။

မင်းအတွက် ဆေးတစ်ခွက် [System]Where stories live. Discover now