Chapter - 23 (Part 4) Final

6.2K 462 40
                                    

Unicode

နောက်ဆုံးမှာတော့ သူဟာ ​ရှောင်ရွှမ်းဆီက ဖုန်း​ခေါ်ဆိုမှုကို ထပ်မံရရှိခဲ့တယ်။ တစ်ဖက်ခြမ်းက​နေ အားကိုးရာမဲ့ကာ စိတ်ပျက်လက်ပျက်အသံဖြင့် "ဆရာ" ဆိုပြီး ပူ​ဆွေးစွာ ခေါ်​လိုက်တဲ့အသံကို ကြားရတဲ့အခါမှာ​တော့ အူးယမ်က အလွန်ကို စိုးရိမ်ပူပန်သွားတယ်, "မင်း တစ်ခုခုဖြစ်လို့လား?"

"ကျွန်​တော်မဟုတ်ပါဘူး, ကျွန်​တော့်မရီး ...​ ပျောက်သွားလို့"

"အာ? မင်း ရဲကို ဖုန်းဆက်လိုက်​သေးလား?"

"အဲ့လို​ပျောက်သွားတာမျိုး မဟုတ်ဘူး, သူက သူ့ပစ္စည်း​တွေ ထုပ်ပိုးပြီး​​တော့ ထွက်သွားတာ, ဒီရက်ပိုင်းမှာ သတင်းနည်းနည်းပဲရတယ်, သူနဲ့​​ယောကျ်ားတစ်​ယောက်ကို တစ်စုံတစ်​ယောက်က အပျော်စီးသင်္ဘော​ပေါ်မှာ ​တွေ့လိုက်တယ်လို့​တော့ သိရတယ်"

အူးယမ်က အံ့အားသင့်သွားတယ်။ အံ့သြစရာ​​ကောင်းစွာနဲ့ သူ့စိတ်ထဲ​ပေါ်လာတာက​တော့ အခုအချိန်မှာစွန့်ပစ်ခံလိုက်ရတဲ့ခင်ပွန်းဖြစ်သွားရတဲ့လူနဲ့ အဲ့အချိန်တုန်းက ​​ဆေးရုံမှာ အေးစက်တဲ့မျက်နှာနဲ့ ​ထိုင်​နေခဲ့​သော သူ့ရဲ့အသွင်အပြင်ဖြစ်တယ်။

"ဒါဆို မင်းအစ်ကိုက​ကော?"

"သူက​တော့ ​ဒေါသ​ထွက်လွန်းလို့ ရူး​တော့မတတ်ပဲ, သူ့ကိုရှာဖို့အတွက် သူ အားအကုန်ထုတ်သုံးခဲ့တယ်, ပြီး​တော့ သူက အခြားကိစ္စ​တွေလုပ်ဖို့ စိတ်မပါတော့ဘူး" ​ရှောင်ရွှမ်းက ခဏရပ်လိုက်တယ်, "အဲ့ဒါ​ကြောင့် ဒီတစ်ခါ​တော့ တိုက်ခိုက်စရာမလိုဘဲနဲ့ ကျွန်​တော် နိူင်သွားတယ်"

"​ရှောင်ရွှမ်း"

​ရှောင်ရွှမ်းက​တော့ သူ့စကားကို ဆက်​ပြော​နေတုန်းပဲ, "ကျွန်​တော့်အစ်ကိုက လူ​ကောင်းတစ်​ယောက်မဟုတ်ဘူး, ဒါ​ပေမယ့် သူက ကျွန်​တော့်ကို​တော့ တကယ်ချစ်တယ်, အဲ့​နေ့တုန်းက ရိုက်လိုက်တာကလွဲရင် ကျွန်​တော် ငယ်ငယ်ကတည်းက သူက အမြဲလိုလို ကျွန်​တော့်ရဲ့လက်​ချောင်း​တွေကို​တောင်မှ ထိတာမဟုတ်ဘူး, ကျွန်​တော် အ​မေရိကန်မှာ​နေတဲ့အချိန်တုန်းက ကျောင်းဝင်းထဲမှာ ​သေနတ်ပစ်ခတ်မှုတစ်ကြိမ်ဖြစ်ခဲ့တယ်, ကျွန်​တော်က တကယ်ကို ဘာမှမဖြစ်ပေမယ့် သူက​တော့ USD 10 သန်း​လောက်ရှိတဲ့လုပ်ငန်းကို စွန့်လွှတ်ပြီး တတ်နိူင်သမျှ အ​ပြေးအလွှား​ရောက်လာခဲ့တယ်​လေ"

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now