Final

778 71 58
                                    

(ရုတ်တရက်ကြီး Finalလို့မြင်လိုက်ရတော့ surpriseဖြစ်သွားတယ် ဟုတ်?)😁

Unicode

မျက်နှာပူစရာ ၊ အနေခက်စရာအခြေအနေမျိုးတွေကို ကြုံဖူးလား?

သဲသဲလှုပ်ပြနေတဲ့ သူငယ်ချင်းအတွဲရှေ့မှာ ကော်ဖီတစ်ခွက်နဲ့ ထိုင်နေရတဲ့အခြေအနေမျိုး။

အိမ်အလည်ရောက်လာတဲ့ကိုယ့်ရဲ့ရှေ့မှာမှ သူငယ်ချင်းဖြစ်သူနဲ့ သူ့မိဘနဲ့ အချေအတင် စကားမ​ျားရန်ဖြစ်နေတဲ့အခြေအနေမျိုး။

ပစ္စည်းတွေအားလုံးကို ကောင်တာမှာ စျေးတွက်ပြီးလို့ ငွေရှင်းခါနီးကျမှ ပိုက်ဆံအိတ်ပါမလာတာကို သိလိုက်ရတဲ့အခြေအနေမျိုး။

crushရှေ့ရောက်ခါမှ ခြေလှမ်းတွေမှားပြီး ချော်လဲမလိုဖြစ်သွားရတဲ့အခြေအနေမျိုး။

နိစ္စဓူဝဖြတ်သန်းနေရတဲ့ကိစ္စတော်တော်များများမှာ လူတိုင်းလိုလို အနေခက်စရာအခြေအနေအမျိုးမျိုးနဲ့ ကြုံဖူးကြမှာအသေအချာ။

ယခု ကျယ်ဟန့်သည်လဲ အနေခက်စရာအခြေအနေတစ်ခုကြား ရောက်ရှိနေရပေသည်။ အတိအကျပြောရလျှင်...သူက အခု ထမင်းစားပွဲဝိုင်းတစ်ခုမှာ ပါဝင်နေရသည်။

ထိုထမင်းဝိုင်းသည်ကား တခြားတော့မဟုတ်။ ကုန်းကျွင့်နဲ့လုယွီတို့ရဲ့ နှစ်ဖက်မိဘတွေ့ဆုံပွဲထမင်းဝိုင်း။ ထိုသို့သော ထမင်းဝိုင်းထဲ အပြင်လူဖြစ်တဲ့ကျယ်ဟန့်က ဘာကြောင့်မ​ျား ပါဝင်နေရပါသနည်း။ ကျယ်ဟန့်လဲ ထိုအဖြေကိုမသိ။ သူကိုယ်တိုင်တောင် ယခု ကြောင်အအနှင့် အနေခက်နေရသည်မဟုတ်ပါလား။

ကျွန်းစားပွဲရှည်ပေါ် ဟင်းပွဲမျိုးစုံနေရာချလိုက်ပြီးသည့်နောက် လူကြီးသူမတို့က ထိုင်ခုံအသီးသီးဆီ နေရာယူလိုက်ကြပြီ။

"ဟဲ့ ကျွင့်ကျွင့်...လုယွီကရော ဘယ်မလဲ?"

ကုန်းကျွင့်က ကျယ်ဟန့်အတွက် ထိုင်ခုံကိုဆွဲပေးလိုက်ရင်း အမေဖြစ်သူထံအဖြေပြု၏။

"သူ လာတော့မှာပါ"

"မနက်က မင်းနဲ့အတူတူထွက်သွားကြတာမဟုတ်လား"

"မဟုတ်တာ...ကျွန်တော်ကလဲ ကိုယ့်ကိစ္စနဲ့ကိုယ် ၊ သူကလဲ သူ့ကိစ္စနဲ့သူ...သူက မနက်အစောကြီးထဲက ကျွန်တော့်ထက်အရင် လေဆိပ်ကိုထွက်သွားတာလေ"

302 (Completed)Where stories live. Discover now