၂၁ အဆက္ ၂၁ အဆက်

4.4K 909 22
                                    

အပိုင်း ၂၁ အဆက်

သူသာ တိုက်ဆိုင်စွာ ရှာမတွေ့ခဲ့လျှင် ထိုကိစ္စက သည်အတိုင်း ပြီးသွားတော့မှာပင်။ ဗီဒီိယိုကို အွန်လိုင်းပေါ် တင်လိုက်သည့်အခါ  ၀က်အသည်းနှင့် ငါးခေါင်းတို့ကို  မြင်ကြသည်နှင့် ကြည့်ရှုသူတို့က  ဝေဖန်ရန် ဝေးဆွ ၊ အမှတ်ပင် ပေးလိမ့်မည် မဟုတ်ပေ။ ထိုအခါ အကဲဖြတ်အဖွဲ့ကလည်း  အာရုံစိုက်မိတော့မည် မဟုတ်သည့်အတွက် ထိုကိစ္စကို အရေးယူနိုင်တော့မည် မဟုတ်ပေ။

ထိုသို့တွေးမိပြီး သူ၏ မျက်နှာက အေးခဲသွားသည်။ ဟော်ယွင်ချန်းကလည်း သူ၏ အမူအယာတွေမှတဆင့် သိလိုက်သည်။ ယွမ့်ထန်း ပစ်မှတ်ထားခံနေရလေပြီ။ သို့ရာတွင် သူ၏ ဘေးတွင် ၇ှိသည့်သူဟာ အစည်းအရုံး ဥက္ကဌဖြစ်သည်။တဖက်သူအား မျက်နှာသာ ပေးသည့်အနေဖြင့် စောင့်ကြည့်နေလိုက်သည်။ ဥက္ကဌက ယွမ့်ထန်းကို စစ်ဆေးသည့် သူတွေ၏ နာမည်စာရင်းကို ကြည့်သည်။ထိုနာမည်များတွင် ချီကျောက်၏ နာမည်ကိုလည်း သူ တွေ့လိုက်သည်။

ယွမ့်ထန်းကို တိုက်ရိုက်ထုတ်လွှင့်မှုတွင် တိုက်ခိုက်သည့်ကိစ္စအား သူ၏ မိခင် ရန်ကျင်း စုံစမ်းခဲ့ရာတွင် နောက်ကွယ်မှ လူသည်ချီကျောက် ဖြစ်နိုင်ကြောင်း ခန့်မှန်းနိုင်ခဲ့သည်။ ချီကျောက်သည် သူ၏ ဥာဏ်ရည်နှင့်  လုပ်နိုင်စွမ်းထက်ပင် ပိုပြီး ရည်မှန်းချက်ကြီးသူဖြစ်သည်။  သို့ရာတွင် သူသည်လည်း ချက်ပြုတ်ခြင်းတွင် ပါရမီကြီးပေသည်။ မဟုတ်လျှင် ယခင် ဥက္ကဌက သူ၏ နောက်ဆုံးတပည့်အဖြစ် လက်ခံခဲ့လိမ့်မည် မဟုတ်ပေ။ သို့သော် ချီကျောက်က လိုချင်စိတ်ကြီးလွန်းသည်။သို့သော်သူသည် ချက်ပြုတ်ခြင်း၏ အနှစ်သာရကို မဖမ်းဆုပ်နိုင်လေဘဲ ဟင်းလျာအသစ်တို့ကိုလည်း မချက်ပြနိုင်ချေ။ ထို့ကြောင့် ဥက္ကဌဖြစ်ရန် လမ်းကြောင်းက ဝေးကွာလျက်၇ှိလေသည်။

ချီကျောက်သည် သူ၏ လက်၇ှိအဆင့်ကို မကျေမနပ်ဖြစ်နေကြောင်းအထက်တန်းလွှာ၇ှိ လူတိုင်း သိကြသည်။ ကုလဲ့ကျီကိုယ်တိုင်လည်း ချီကျောက်က လက်၇ှိတွင် နောက် ဥက္ကဌနေရာအတွက် အသင့်လျော်ဆုံးဖြစ်နေသည့်အတွက် သူ၏ မကောင်းမှုတို့ကို အလွန် ဆိုးရွားမနေသမျှ လွှတ်ထားပေးခဲ့လေသည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now