01

385K 12.7K 4.2K
                                    


ဒီဇင်ဘာ 24ရက်
1997ခုနှစ် ( ဗုဒ္ဓဟူးနေ့ )

ဟေမာန်ဆောင်းကြောင့် ပတ်၀န်းကျင်တခုလုံးမြူဖုံးကာတိတ်ဆိတ်လျှက်ရှိ၏။ အချိန်ကားနံနက်7နာရီသာရှိသေးသော်လည်း ဗစ်တာစံအိမ်တော်၌ ဆူဆူညံညံအသံများဖြင့် အစပြုကာကြိုဆိုလျှက်ရှိသည်။စံအိမ်လှေကားထက်၌ ပြေးလွှားကာအလုပ်ရှုပ်နေသော အထိန်းတော်များ
နှင့် ခြေလှမ်းတွေကိုဘယ်ညာခေါက်ပြန်လျှောက်ကာ စိတ်လှုပ်ရှားနေသောလူတယောက်အဖို့ ထိုအချိန်ကာလက အထူးခြားဆုံးနေ့တနေ့ပင်။

'သခင်ကြီးရေ မမလေးမွေးပီ'

အပြေးအလွှားထွက်လာသော ဒေါ်ထားရဲ့စကားသံကြောင့် ဦးဒေးဗစ်ရင်ထဲမှ ပူပန်မှုများက တဖြည်းဖြည်းလျော့နည်းသွားသည်။ ထို့နောက်တုန်ယင်နေတဲ့စိတ်တွေကို ငြိမ်သက်အောင်အရင်ကြိုးစားကာ သက်ပြင်းချရ၏။

" ဘာလေးမွေးလဲဒေါ်ထား"

" ယောကျ်ားလေးပါ သခင်ကြီး။ သခင်ကြီး၀င်ကြည့်လိို့ရပါပြီ မိခင်ကောကလေးကောကျန်းမာပါတယ် "

စကားဆုံးသည်နှင့် ဦးဒေးဗစ်ကအခန်းထဲသို့ပြေး၀င်ကာ ကုတင်ထောင့်စွန်း၌မှင်သက်စွာရပ်နေလိိုက်၏။သူချစ်လှသောအမျိုးသမီးရင်ခွင်ထဲတွင် အဖိုးတန်သားလေးကအိပ်မောကျလျှက်။

ဒေးဗစ်ကမငြိမ်မသက်ဖြစ်နေသေးသည့် သူ့စိတ်တွေကိုထိန်းချုပ်ရင်း မျက်စိရှေ့မှသားငယ်ကိုတယုတယပွေ့ချီကာ ခပ်ရေးရေးပြုံးလိုက်၏။တချိန်တည်းမှာပင်နံရံပေါ်၌ ချိတ်ဆွဲထားသောဓာတ်ပုံတစ်ပုံအားမော့ကြည့်ကာ ရင်မအေးစွာဖြင့်သက်ပြင်းချလိုက်သည်။

" ဗစ်တာမျိုးဆက်တယောက် ထပ်မွေးဖွားလာခဲ့ပြီ အဖေ"

>>>>>>>>>>>>>

" သခင်လေးရယ် ဒီလောက်ဆိုကျေနပ်ပါတော့နော် လိပ်ပြာလေးတွေလည်းအများကြီးရနေပြီပဲ"

အိမ်တော်မှမိန်းမပျိုလေးတွေက တားဆီးဟန်သဘောဖြင့် တောင်းဆိုလာတာမို့ ဟန်နရီကစိတ်အလိုမကျစွာဖြင့် မျက်မှောင်ကြုတ်ကာလှည့်ကြည့်လာ၏။ထို့နောက် သူ့လက်ထဲတွင်ဆုပ်ကိုင်ထားသည့် ဖန်ဘူးကိုမျက်စပစ်ပြကာ မျက်နှာသေဖြင့်စူးစိုက်ကြည့်လာသည်။ဆယ့်သုံးနှစ်အရွယ်ဟုဆိုသော်ငြား အထိန်းအကွပ်မဲ့နေသည့်ဟန်နရီဗစ်တာက အနည်းငယ်ဆိုးသွမ်းတာဖြစ်၏။

HANARY(S1+S2) Where stories live. Discover now