57 - STRONG FUCKBOY VIBES

5.8K 834 76
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH57 - STRONG FUCKBOY VIBES

"ကိုကို !"

လုဖုန်း ရှန်းရှောင်ရှဲနှင့်အတူ တရားရုံးသို့ရောက်လာပြီးနောက် တရားခွင်သို့ ဦးတည်သွားဖို့ရန်လုပ်နေစဥ်မှာပင် မဝေးသောတစ်နေရာဆီမှ အော်ခေါ်သံတစ်ခုကိုကြားလိုက်ရတော့သည် ။ ရှန်းရှောင်ရှဲကား ထိုအသံကို မှတ်မိပုံရသည် ။ ထို့ကြောင့် အသံကြားကြားချင်းပင် ခေတ္တမျှရပ်သွားပြီးနောက် အသံလာရာနေရာသို့ လှည့်ကြည့်တော့၏ ။

ဝဝကစ်ကစ်နှင့် လူငယ်လေးတစ်ယောက်က အပြေးအလွှားရောက်လာပြီးလျှင် မောပန်းနေဟန်မျိုးဖြင့် ရှန်းရှောင်ရှဲအား မဝံ့မရဲကြည့်လာပြီးနောက် ၊ နောက်ဆုံးတွင် နီရဲနေသောမျက်လုံးများဖြင့် စကားပြောလာတော့သည် ။

"အကို ကျွန်တော်တောင်းပန်ပါတယ်"

ထိုကောင်လေးက လက်လှမ်းကာ ရှန်းရှောင်ရှဲ၏လက်ကိုဆွဲယူချင်သော်ငြား ၊ ရှန်းရှောင်ရှဲက နောက်သို့ခြေတစ်လှမ်းဆုတ်လျက် ရှောင်လိုက်သည်ဖြစ်ရာ ၊ ထိုကောင်လေး၏မျက်နှာအမူအရာက နာကျင်မှုတို့ဖြင့် အထင်းသားပေါ်လွင်လျက် ။

ရှန်းရှောင်ရှဲက ထိုကောင်လေးအား စိတ်ခံစားမှုကင်းသောပုံစံမျိုးဖြင့် ကြည့်လိုက်ကာ

"တောင်းပန်ပါတယ်ဆိုပြီး မင်းပြောသင့်တဲ့သူက ငါမဟုတ်ဘူး ၊ ငါနဲ့ပတ်သက်ပြီးတော့ မင်းမှာ တောင်းပန်စရာအကြောင်း ဘာမှမရှိဘူး "

ထန်ကျိုးကား ထိုစကားကိုကြားပြီးနောက် ချက်ချင်းဆိုသလိုပင် ဖြူဖျော့လာကာ ပြောစရာစကားများပျောက်ရှနေတော့သည် ။

အသင်္ချေသောစိတ်ခံစားမှုတို့က ရှန်းရှောင်ရှဲ၏မျက်ဝန်းများထဲ ဝဲကဲ့သို့နှယ် လှည့်ပတ်စီးဆင်းလျက် ။ ရှန်းရှောင်ရှဲကား တစ်စုံတစ်ခုပြောချင်နေပုံရပြီး ထိုအချိန်မှာပင် ထန်မိသားစုက ရန်လိုစိတ်အပြည့်ဖြင့် သူတို့ဆီချီတက်လာကြသည်ကို လုဖုန်းလှမ်းမြင်လိုက်ရ၏ ။ ဖြစ်ပေါ်လာနိုင်ချေရှိသော ပဋိပက္ခများကို လုဖုန်း စိုးရွံ့သည်ဖြစ်ရာ ၊ လုဖုန်း အလျင်အမြန်ပင် ရှန်းရှောင်ရှဲ၏အင်္ကျီလက်ကိုဆွဲလျက် အချက်ပြလိုက်ရတော့သည် ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now