|67|

1.9K 365 4
                                    

[Unicode]

ရာသီဥတုဟာ အေးလွန်းတဲ့ရာသီမျိုး။
လေတစ်ချက်တိုက်လိုက်တိုင်း၊ အသည်းထဲအထိစိမ့်သွားအောင် လုပ်ဆောင်နိုင်တယ်။

ဟယ်ရှင်းချွမ်က နှာတစ်ချက်ချေတယ်၊ လက်ထဲမှာတော့ အဝတ်အိတ်လေးဆွဲထားရင်း။
လေဆိပ်ထဲကထွက်တာနဲ့၊ 'ဟယ်ရှင်းချွမ်'ဆိုတဲ့ ဆိုင်းဘုတ်ကိုကိုင်ထားပြီး ဟိုကြည့်ဒီကြည့်လုပ်နေတဲ့ လူတစ်ယောက်နဲ့တန်းတိုးတယ်။

"စီနီယာလီချင်း?"

"အာ! ရှင်းချွမ်!? ငါတို့မတွေ့တာ ဘယ်လောက်ကြာပြီလဲ? မင်းလုံးဝမပြောင်းလဲသွားဘူးနော်!"

စကားပြောရင်းပဲ၊ ကားဆီလျှောက်လာခဲ့ကျတယ်။
ယာဉ်မောင်းသမားက အရှေ့မှာရှိနေပြီး၊ ဟယ်ရှင်းချွမ်နဲ့ လီချင်းကတော့ အနောက်မှာဝင်ထိုင်လိုက်တယ်။

လီချင်းက တရားခွင်အတွေ့အကြုံတွေပြောပြတယ်၊ ပြောရင်းနဲ့ပဲ ဟယ်ရှင်းချွမ်မျက်နှာကို အသေအချာစိုက်ကြည့်နေကာ
"အာ? မင်းရဲ့မျက်ကပ်မှန်က တစ်ဖက်ပျောက်သွားလို့လား?"

"......"

မျက်ကပ်မှန်မဟုတ်ကြောင်း အချိန်ယူရှင်းပြပေမဲ့၊ လီချင်းကတော့ ယုံကြည်ဟန်မပေါ်ဘူး။
ဟယ်ရှင်းချွမ်လည်း လက်လျော့လိုက်ရတယ်။
အဝတ်အိတ်ကိုဆွဲပြီး ကားပေါ်မှဆင်းလာကာ
"ဟိုတယ်မဟုတ်ဘူးလား?"

"ဘာဟိုတယ်လဲ? ဒီမှာသုံးရက်လေးနေမဲ့ဟာကို! ငါ့အိမ်မှာပဲတည်းလိုက်တော့၊ အခန်းပိုတစ်ခုလည်းရှိနေတာပဲဟာ! ဟိုတယ်ဆို အဆင်မပြေတာတွေများလိမ့်မယ်"

လီချင်းက ဟယ်ရှင်းချွမ်အဝတ်အိတ်ကို လှမ်းဆွဲတယ်၊ ထို့နောက်မှာတော့ ဓာတ်လှေကားခလုတ်ကိုနှိပ်နေလေရဲ့။

ဒီအကြောင်းကို ထန်ကောသိသွားလို့မဖြစ်ဘူး!

သိရင်တော့...ပြဿနာတွေတက်တော့မှာပဲ!

ကိုယ့်ကိုယ်ကိုအလံမထောင်မိပါစေနဲ့...

ရေချိုးပြီးသွားတဲ့ဟယ်ရှင်းချွမ်က ဆံပင်စိုတွေကိုတာဝါနဲ့သုတ်နေတယ်၊ လက်တစ်ဖက်ကတော့ သူ့ကောင်လေးကို စာပြန်နေခဲ့တယ်။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now