Chapter (78)

17.9K 2.7K 143
                                    

[TN:ပြီးဆုံးရန် ၁၀ ပိုင်းသာကျန်ပါတော့သည်]

မုန့်ရန် မြင်းစီးပြီးပြန်လာတာကို မြင်တာနဲ့ လော်ရှို့က စကားပြောနေရာကနေ မုန့်ရန်ဆီ ထသွားလိုက်တယ်။မုန့်ရန်ကို မြင်းပေါ်ကနေ အောက်ဆင်းဖို့ ပွေ့ချီပေးလိုက်ပြီး နဖူးပေါ်က ချွေးတွေကို ပုဝါတစ်ထည်နဲ့ တယုတယသုတ်ပေးလိုက်တယ်။

"ဗိုက်ဆာနေပြီလား?"

"နည်းနည်းပါ.."

မုန့်ရန်က မျက်စိမှတ်ထားပြီး ချွေးသုတ်ခံနေတယ်။ဒီနေ့ နေသာတယ်လေ...အဲ့တော့ နည်းနည်းပူတယ်။

"သွားစားကြမယ်..ပြီးရင် ခဏနားပြီး အိမ်ပြန်ကြမယ်နော်.."

လော်ရှို့က နေပူရှိန်ကြောင့် နီရဲနေတဲ့ မုန့်ရန်ရဲ့ မျက်နှာကို ငုံ့နမ်းလိုက်တယ်။

လီယန်က မြင်းစီးကလပ်မှာရှိတဲ့ VIP စားသောက်ဆိုင်မှာ သီးသန့်အခန်းတစ်ခု ​ကြိုမှာထားတယ်။သူငယ်ချင်းတွေကြီးပဲ စားရင်းသောက်ရင်း စကားပြောချင်ပေမယ့် အခုထိမပြန်သေးတဲ့ ကျောက်တဟိုင်တို့ လူတစ်စုကို လူမှုရေးအရ ထမင်းစားဖိတ်လိုက်ရတယ်။ကျောက်တဟိုင်ကလဲ ချက်ချင်း လက်ခံလိုက်တယ်။

မြင်းစီးကလပ်မှာရှိတဲ့ VIP ဧရိယာမှာ မုန့်ရန် ရေချိုးအဝတ်စားလဲ ပြီးတာနဲ့ လော်ရှို့နဲ့ အတူ သီးသန့်စားသောက်ခန်းရှိရာဆီ ညစာစားဖို့ သွားရောက်ခဲ့တယ်။

ဟင်းပွဲတွေရောက်မလာသေးတဲ့ အတွက် ခဏတဖြုတ်လောက်စောင့်နေရသေးတယ်။သိပ်မကြာခင်မှာ စားပွဲထိုးတွေက အဖြူရောင် ကျောက်စိမ်းကို ထွင်းထုထားတဲ့ ပန်းကန်လုံးကြီးတစ်ခုကို သယ်လာပြီး မုန့်ရန်အရှေ့မှာ တည်ခင်းပေးခဲ့တယ်။

လီယန်က လော်ရှို့ကို လှမ်းပြောလိုက်တယ်။

"ဒီဟင်းပွဲက ခယ်မလေးအတွက်အထူးသီးသန့် မှာပေးထားတာ...အဲ့ဟင်းပွဲကို ငါ တော်တော်ကြိုက်တာကွ။ဟင်းအမယ်တွေက တောင်ပေါ်ကချောင်းစပ်မှာပဲ သဘာဝအတိုင်းပေါက်တာ...လူလွှတ်ပြီး တောင်ပေါ်မှာ ရှာခိုင်းထားတာတောင် တစ်ပန်းကန်စာပဲရတယ်။ခယ်မလေးကို မြည်းခိုင်းမလို့..."

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now