အမှာစာ🤎(Uni + Zawgyi)

47.2K 1K 27
                                    

(Unicode)

Hello Gennyပါ
အခုမှ စဖတ်တဲ့သူတွေအနေနဲ့ဆိုရင်တော့
ကိုယ်တို့ ပထမဆုံးတွေ့ဆုံမှုပါနော်♥️

30.10.2021မှာစခဲ့တဲ့ LOMLဟာ အခုအချိန်ထိမပြီးနိုင်တာ တကယ့်ကို တောင်းပန်စရာပါ။

ဂျန်နီ့ရဲ့ ပထမဆုံးအရေးအသားဖြစ်တဲ့ ဖြစ်တဲ့အတွက် စင်းလုံးချောနေမှာတော့ မဟုတ်ပါဘူးနော်><
ဒါပေမဲ့လည်း ဖြစ်သလိုရေးထားတာမဟုတ်ကြောင်း၊ဂျန်နီသေချာအားထုတ်ထားတာကိုတော့ စာဖတ်သူလေးတွေဖတ်နေရင်း သိနိုင်မယ်လို့ ကိုယ်မျှော်လင့်မိပါတယ်။

LOML လေးဟာ ရသစုံပါ။ ပျော်ရွှင်ရမယ် ကြည်နူးရမယ် စသဖြင့်ပေါ့နော်။

LOMLလေးကို ဖတ်မယ်ဆိုရင်ဖြင့် ဂျန်နီကတော့ ကျော်မဖတ်စေချင်ပါဘူး။ သေချာလေးဖတ်စေချင်ပါတယ် ။ဘာလို့လဲဆိုရင် LOMLလေးဟာ puzzle လိုပါဘဲ တစ်ပိုင်းချင်းဆီမှာ အပိုင်းအစလေးတွေပါပြီး အဆုံးသတ်ရင်တော့ ရုပ်လုံးပေါ်လာမှာပါ။ဇာတ်ကောင်တွေလည်း ထိုနည်း၎င်းပါဘဲ🙈ဇာတ်လမ်းလေးက ချစ်ကြိုက်ညား ခပ်သွက်သွက်သွားတာကိုကြိုက်ရင်တော့ အဆင်မပြေနိုင်ပါဘူး(ကြိုပြောပြတာပါ)ဇာတ်လမ်းကအေးဆေးသွားမှာပါ🤎

အရေးအသားမှာလည်း အများကြီးကြိုးစားထားပေမဲ့ အမှားပါနိုင်ပါတယ် စာလုံးပေါင်းတို့ သတ်ပုံတို့ အစသဖြင့်ပေါ့နော် ။
ကိုယ့်စာဟာ သုတမပါသလို ရသလည်း မြောက်ချင်မှမြောက််မှာမို့ အချိန်ကုန်ရကျိုးနပ်ချင်တယ် ကိုယ်ဖတ်တဲ့စာကနေ ဗဟုသုတလိုချင်ရင်ဖြင့် မဖတ်ဖို့ အကြံပေးချင်ပါတယ်^•^

နောက်တစ်ခုက Love Of My Lifeဟာ ပြင်ပက LGBTQ community နဲ့မဆက်သွယ်ပါဘူး
BL genre ကိုမှ fantasy world ထဲမှာပါနော်။
ဒါကိုလည်း သတိထားမိဖို့ အကြံပေးချင်ပါတယ်။

အပြုသဘော‌ဆောင်တဲ့ ဝေဖန်အကြံပြုချက်တွေရှိတာမျိုး ၊ တစ်ခုခုကိုမေးချင်တာမျိုး ၊ ဂျန်နီရဲ့အမှားတွေကို ပြုပြင်ပေးချင်တာမျိုးရှိတဲ့အခါ ကိုယ့်ရဲ့ Wattpad message box ( Genny174 )ကို တန်းလာလှည့်ပါနော်။

ပထမဆုံး ပွဲဦးထွက်၀တ္ထုလေးကို လာရောက်စူးစမ်းပေးကြသူတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်♡︎

Love Of My Life [Completed]Where stories live. Discover now