Ch 4

1.9K 229 6
                                    

ကဲ။ အရင်အပိုင်းကနေ ဆက်ရမယ်ဆိုရင် ငါ့မှာအခု ဂျူနီယာညီလေးလို့ ခေါ်ရမယ့် တပည့်လေးတစ်ယောက်ရှိလာပြီ။ အဲ့ဒီကလေးက သူ့ကိုယ်သူ ဘယ်လိုဂရုစိုက်ရမယ်မှန်းသိနေတာ တော်သေးတယ်။   နို့မို့ဆို သူက ငါ့အတွက် အရှုပ်ထုတ်လေးဖြစ်နေတော့မှာ။ ချိုးယွီငယ်ငယ်က ငါကပဲ ဂရုတစိုက်ထိန်းကျောင်းပေးခဲ့ရတာဆိုတော့ ငါ့အနေနဲ့ ကလေးတစ်ယောက်ကို ဘယ်လိုအစာကျွေးရမယ်၊ သေးခံဘယ်လိုလဲပေးရတယ်ဆိုတာနဲ့ လမ်းလျှောက်တတ်အောင် သင်ပေးရတာတွေက ပြဿနာမရှိပေမယ့် အဲ့ဒါတွေလုပ်နေရတာက တကယ်စိတ်ရှုပ်ဖို့ကောင်းတယ်။

ဒီနေ့က ပထမဆုံးနေ့ပဲ။ ဇာတ်လိုက်က ငါ့ကိုကူညီချင်နေတယ်။ငါ ငါတို့စားဖို့အတွက် ပြင်ဆင်နေတုန်း ဇာတ်လိုက်က ငါ့အနားကို ရောက်လာတယ်။ ငါလည်း ချိုးယွီဆီမှာ ဆား နည်းနည်းလောက် သွားချေးဖို့အတွက် ကျုကျွယ်ကို မီးကြည့်ခိုင်းထားဖို့ ဆုံးဖြတ်လိုက်တယ်။ ငါအကြာကြီး ထွက်သွားတယ်လို့ ငါမထင်ပေမယ့် ငါလည်းပြန်ရောက်ရော အိမ်တစ်ခြမ်းက မီးလောင်နေပြီ။

ငါဘယ်လောက်အထိ ထိတ်လန့်သွားရလဲဆိုတာ မင်းတို့စိတ်ကူးကြည့်။ ကံကောင်းစွာနဲ့ ပဲ ငါ့မှာ ရေခဲအရင်းအမြစ် ခန္ဓာကို ပိုင်ဆိုင်ထားလို့ ငါအိမ်ထဲအမြန်ပြေးဝင်ပြီး ကျုကျွယ်ကို ခေါ်ထုတ်နိုင်ခဲ့တယ်။ ပြီးတော့ ငါ့ရဲ့ မဆိုစလောက်လေးသာ ကျန်နေတော့တဲ့ အိမ်လေးကို ကယ်တင်ဖို့ အမြန်မီးသတ်ရတယ်။ ငါတို့နေတဲ့တောင်ထိပ်မှာက ချိုးယွဲ့ရဲ့အိမ်နဲ့ အိမ်မှာဘယ်တော့မှ မရှိတဲ့ ငါ့ဆရာရဲ့အိမ်ရယ်၊ ငါ့အိမ်ရယ်ပဲ ရှိတာဆိုတော့ မီးလောင်နေတာကို ဘယ်သူမှ မသိလိုက်ကြဘူးလေ။ ကျုကျွယ်က ဖုန်တွေပြာတွေနဲ့ ပေတူးနေပြီး စကားတစ်ခွန်းမှမပြောရဲပဲ ငြိမ်ငြိမ်လေး ငါ့အနောက်မှာ ရပ်နေတယ်။ သူ့ကိုကြည့်ရတာ အင်မတန် သနားစရာကောင်းလွန်းလို့ ငါမဆူရက်ဘူး။ ဒါနဲ့ ငါလည်း အပျက်အစီးတွေကိုပဲ သွားစစ်ဆေးနေလိုက်တော့တယ်။ ကျင့်ကြံခြင်းလောကရဲ့ စဉ်းမျဉ်းတွေကို သေသေချာချာလိုက်နာတဲ့ လူတစ်ယောက်အနေနဲ့ ကောင်းတာတစ်ခုက တန်ဖိုးရှိတဲ့ ငါ့ပစ္စည်းတွေအကုန် ငါ့ရဲ့ သိုလှောင်အိတ်ထဲထည့်ထားတာကိုပဲ။ မီးလောင်ခံရတဲ့ အိမ်ကလွဲရင် ငါ့မှာ ကြီးကြီးမားမား ဆုံးရှုံးပျက်စီးသွားတာ တစ်ခုမှမရှိဘူး။ ဇာတ်လိုက်ကို သွားကယ်တုန်းက ငါ့အဝတ်တွေ မီးလောင်သွားတာက တစ်ကဏ္ဍပေါ့။ ရေချိုးတဲ့သစ်သားစည်ကလည်း ကွဲသွားပြီဆိုတော့ ငါလည်း အဝတ်အသစ်တွေ မလဲခင် မြစ်ကမ်းပါးနားမှာပဲ ဆေးကြောဖို့ စဉ်းစားလိုက်ရတယ်။ မင်းတို့သိတဲ့အတိုင်းပဲ ငါက ဒုတိယဇာတ်လိုက်ဆိုတော့ ပုံရိပ်ကောင်းကောင်းရှိဖို့က အရေးကြီးတယ်လေ။

အရန်ဇာတ်ကောင်တစ်ယောက်၏အသက်ရှင်သန်ခြင်းနည်းလမ်းပေါင်းချုပ်(complete)Where stories live. Discover now