20 (U)

4.6K 557 20
                                    

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ( ၂၀ ) ပြောင်းလဲနှင့်ပြီးသော ကံကြမ္မာ

“ ဟော.. ဟော.. ဟောတော့.. ဗြန်းခနဲဆို..
လန့်လိုက်တာရှင်..
လောင်းလိုက်တာ.. ပက်လိုက်တာ..
ရေရေတွေ ရွှဲကုန်ပြီ..”

မင့်ဂျီးတော်ကြီးပဲ ရေတွေရွှဲနေလိုက်..

ကျုံးဘေးမှာ ပြွတ်သိပ်ညပ်နေတဲ့ ရေပက်ခံကားတန်းကြီးကိုကြည့်ပြီး ကိုး စိတ်ထဲ ဘူ နေရလေပြီ။

မန္တလေးသင်္ကြန် တခါမှမလည်ဖူးတဲ့ သူ့စိတ်ထဲ ထင်ထားသည်က မဏ္ဌပ်တွေအောက် ကားထိုးကာ.. ရေပက်ခံကြ.. ကကြခုန်ကြ.. ပျော်ကြပေါ့။ အခုတော့ ကြည့်ပါဦ။ ကျုံးပတ်လည် နေပူကြီးထဲ မဏ္ဌပ်တခုဆီရောက်ဖို့အရေး နာရီနဲ့ချီပြီး နေပူလှမ်းခံနေရသည်။

သင်္ကြန်ဆိုလျှင် အမြဲတမ်းလိုလို တခြားနယ်တွေဘက် ရောက်နေတာနဲ့ ကြုံခဲ့ရတာချည်းပဲမို့.. အခုတော့ မန္တလေးသင်္ကြန်ကို အပီကဲမည်လို့ တွေးထားသည်များလည်း နေပူကျဲကျဲအောက် အငွေ့ပျံသွားလေတော့သည်။

လမ်းဆင်းလျှောက်ပြီး မဏ္ဌပ်တွေအောက် သွားရင်တော့ ရပေမယ့် မိန်းကလေးများပါ လိုက်လာပါက.. စင်အောက်က အမူးသမားနှင့် အဆင်မပြေ။

“ ပူတာကွာ..”

သော်တာနိုင်က နေပူနေသည့်ဘက်ကို ကျောပေးလိုက်ရင်း ခပ်တိုးတိုး ညီးတော့.. သော်တာနိုင့်ဘက်ကို မသိမသာတိုးကာ ကိုးတယောက် ခြေဖျားထောက်ပြီး အရိပ်ရအောင် မိုးပေးလိုက်သည်။

သူပြောလိုက်သည်နှင့် ရုတ်တရက် ချက်ချင်းကြီး အရိပ်ကျလာသောကြောင့် သော်တာနိုင်က ကိုးဘက် ပြန်လှည့်ကြည့်တဲ့အခါ ထိုနေပူခံကောင်လေး ကိုးမှာ မသိလိုက်မသိဘာသာဖြင့် အော်ဟစ်ပျော်ရွှင်နေသူများကို ငေးမောကြည့်နေလျှက်။

“ ကိုး..”

ကိုးက လူတွေကို အငေးမပျက်..

“ ဗျာ..”

စိတ်ထဲမှာ တခုခုမလုံမလဲဖြစ်သည့်အချိန်တိုင်း ကိုးက သူ့ကိုမကြည့်ပဲ ပြန်ထူးတတ်သည်ကို သော်တာနိုင် သတိထားမိသွားသည်။ ကလေးရုပ်လေးနဲ့ လူကြီးစကားပြောတတ်ပြီး လူကြီးဟန်ပေါက်နေတဲ့ ကလေးဆန်မှုလေးတွေက ဒီလိုအပြုအမူသေးသေးလေးမှာ ပေါ်နေတတ်တာပါလား။

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now