part 3 (Zawgyi/Unicode)

22K 288 3
                                    

Love + Love
|Author Blackclock

part 3

    အသွေးမြတ် လူရီးကို တိတ်တခိုးကော
ပြောင်ပါ ငေးကြည့်မိသည်။ ငေးကောင်း
ကောင်းနှင့် လမ်းဘေးတစ်နေရာ ကားရပ်
သွားတာကို မသိ။

"ရှင် ဘာလုပ်မလို့လဲ"
"ဆင်းမလို့"
"ရှင်"
"မင်းကို ငါဆင်းမှာလို့ ပြောနေတယ်လေ"
"ဟွန့် ဘာလို့လဲ ဦးညှို့နက်ကလည်း"
"မင်း အဝတ်လဲရမယ် မင်းကို ငါ ဟိုအကောင်
တွေ လက်ထဲက တွေ့တော့ မင်းကို ဆော်ခါနီးပဲ
မင်းအဝတ်တွေ စုတ်ပြတ်သပ်နေတာ "

" အွန့်ဟင်း ဒါဆို အိပ်ခန်းထဲ ရှင်ဝင်လာ
တော့ ဘာလို့ ကိုယ်တစ်ပိုင်းကျွတ်ကြီး
ဖြစ်နေတာတုန်း"

"မင်းကို ပြောပြီးသားပဲ ဟိုကောင်တွေကို
ငါ သမလိုက်တာလို့ မရဏစခန်း မြန်းသွား
ပြီလေ ဒါကြောင့် ငါ့အပေါ်ဝတ်တွေ သွေးစွန်းကုန်
လို့ လက်စဖျောက်လိုက်တာ "

"ဟင့် ယုံချင်စရာကြီး"
" ရော့ ဝတ်လိုက်"
"ဟင့် လမ်းမကြီး"
"လျှာမရှည်နဲ့ ဝတ်ဆိုဝတ် ငါ ဝတ်ပေးရမလား"
"ကားအနောက်ခန်းမှာ ပါလာတာ အခန်းထဲ
တုန်းကတည်းက ပေးပါရော့လားလို့ ရှင်ဆိုတာ"

"အစီအစဉ် ပြောင်းသွားလို့ မရှည်နဲ့ မင်း
ငါ့ကို မင်းရဲ့ ကိုယ်ရံတော် ဖြစ်စေချင်တယ်မလား"

"အွန်း"
"ဝတ်"
"ရှင် ဘယ်သွားမှာလဲ"
"အော အေး မသွားစေချင်လည်း ဝတ်
ငါ ထိုင်ကြည့်နေမယ်"

"ဟာ ဦးဆိုတာလည်း"

         အသွေးမြတ်လျှံခြယ်ဆိုသော မိန်းကလေး
အဝတ်ဝတ်နေသည်ကို ဦးညှို့နက် မျက်တောင်
မခတ်တမ်း စိုက်ကြည့်နေမိသည်။ မိန်းမလှတစ်
ယောက်ကို ဖျက်ဆီးဖို့ သူ ဘာကြောင့် ဝန်လေး
သလို ဖြစ်နေတယ်မသိ။

  မိသားစု တချို့ကို ချနင်းလို့ ငွေပုံပေါ် စံစား
နေတဲ့ လူယုတ်မာတစ်ကောင် သိပ်ချစ်တဲ့
သမီးဖြစ်သူကို စားသုံးဖို့ လာခဲ့ပေမယ့် အခု
တော့ ချစ်စဖွယ်ကောင်းတဲ့ မိန်းကလေးကြောင့်
အခက်တွေ့လေပြီ။

"ပြီးပြီ ဦးညှို့နက် ဂိုးတော့"
"ကလေးမ"
"ရှင်"
"ငါ မင်းကို သိမ်းပိုက်ချင်တယ်"
"အို ဦးညှို့နက်ရယ်……"

Love + Love [Normal Fiction]Where stories live. Discover now